25 C
Yangon

ကလေးမြို့နယ်တောင်ပိုင်းနှင့် ကန်ပက်လက်မြို့ပေါ်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၅ ဦးသေဆုံး၊ ကလေးတွင် စစ်တပ်ဘက်က ပစ်ခတ်သော လက်နက်ကြီးကြောင့် ပြည်သူ ၅ ဦးသေဆုံး

Must read

ကလေးမြို့နယ်တောင်ပိုင်းနှင့် ကန်ပက်လက်မြို့ပေါ်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၅ ဦးသေဆုံး၊ ကလေးတွင် စစ်တပ်ဘက်က ပစ်ခတ်သော လက်နက်ကြီးကြောင့် ပြည်သူ ၅ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၂၇

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ပေါ်ရှိ အကြမ်းဖက်စစ်သားများ တပ်စွဲထားရာ ထွေအုပ်ရုံးနှင့် ပညာရေးမှူးရုံးရှိ စစ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း CDF Kanpetlet ထံမှ သိရသည်။

ယနေ့ စက်တင်ဘာလ ၂၇ ရက် နံနက် ၆ နာရီခန့်က ကန်ပက် လက်မြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေး မှူးရုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက်ကြီးတိကျမှုမရှိခြင်း၊ လက်နက်ကြီး ပစ်ကူ၊ ဒရုန်းပစ်ကူ မရှိတို့ကြောင့် စခန်းသိမ်းနိုင်ခြင်းမရှိပဲ နေ့လည် ၁၁ နာရီခန့်တွင် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း၊ အ ကြမ်းဖက်စစ်သား ၃ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သိရသည်။

အလားတူ မွန်းလွဲ ၂ နာရီခန့်တွင် ကန်ပက်လက်မြို့ပေါ်ရှိ ပညာရေးမှူးရုံး၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ထပ်မံတိုက်ခိုက်ခဲ့ရာ ညနေ ၃ နာရီခန့်အထိ ကြာမြင့်ခဲ့ပြီး အ ကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အ တည် ပြုနိုင်ခြင်းမရှိကြောင်း CDF – Kanpetlet တပ်ဖွဲ့ဝင်များ အထိအခိုက် မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ကန်ပက်လက်မြို့ပေါ်တွင် စစ်ရေးတင်းမာနေပြီး အချိန်မရွေးတိုက်ပွဲများဖြစ်ပွားလာနိုင်သောကြောင့် မိဘပြည်သူများအ နေဖြင့် အကြမ်းဖက်စစ်တပ်စခန်းများနှင့် နီးနီးနေထိုင်သွားလာခြင်း မပြုကြပါရန် CDF – Kanpetlet ကမေတ္တာရပ်ခံထား သည်။

အလားတူ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ၂ တာ တိုက်ပွဲအတွင်းအကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးကာ အကြမ်းဖက်စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်မှုကြောင့် ပြည်သူ ၅ ဦးသေဆုံးခဲ့ကြောင်း CDF – KKG ထံမှ သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၂၆ ရက် နံနက် ၈ နာရီခွဲက ကလေးမြို့နယ်တောင်ပိုင်း ကြံသာကျေးရွာနှင့် အနီးအနားကျေးရွာများရှိ ပျူစောထီးများ ပူးပေါင်းကာ အင်အား ၁၀၀ ကျော်ဖြင့် အောင်သာယာ ကျေးရွာအတွင်းသို့ စစ်ကြောင်း ၃ ကြောင်းခွဲကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ကြောင်း၊ ထိုသို့ စစ်ကြောင်းထိုးလာမှုကြောင့် ပြည်သူ့ကာ ကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်း ဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးကာ CDF – KKG မှ တပ်ဖွဲ့ဝင်တစ်ဦးနှင့် ကလေးမြို့နယ် ပကဖ တပ် ဖွဲ့ဝင် တစ်ဦးတို့ မြင့်မြတ်စွာကျဆုံးခဲ့ရကြောင်း သိရသည်။

ထို့နောက် အောင်သာယာ အရှေ့ရပ်ကွက်ဘက်တွင် ခြေကုပ်ယူထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများကို ကလေးခရိုင် အမှတ် ၄ တပ်ရင်းနှင့် ပူးပေငါ်းအဖွဲ့မှ နေ့လည် ၁ နာရီခန့်တွင် သွားရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်မှုရှိနိုင်ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၂ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၂၇ ရက်နေ့လည်ပိုင်းတွင်အောင်သာယာကျေး ရွာမှ တဆင့် မှန်တောကျေးရွာဘက်သို့ ဆက်လက်စစ်ကြောင်းထိုးလာသော အကြမ်းဖက်ကောင်စီတပ်ဖွဲ့ဝင်များကို မှန်တောကျေးရွာအနီး အရောက် CDF – KKG ၊ ကလေးခရိုင် တပ် ရင်း ၄၊ ကလေးမြို့နယ် ပကဖ ၊ CNDF (Thal Pau) ပူးပေါင်း တပ်ဖွဲ့ဝင်များမှ ထပ်မံတိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး အ ကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် အကြမ်းဖက်စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားရာ နေရာအနီးပတ်ဝန်းကျင်ရှိ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရှားဖိုကျေးရွာအတွင်း ကျရောက်ပေါက်ကွဲ းကာ အပြစ်မဲ့ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း၊ ထိုသို့ ပြည်သူ ၄ ဦးသေဆုံးသည်ကို မြင်တွေ့ခဲ့ရသည့် မိခင် တစ်ဦးမှာလည်း ထိတ်လန့်ပြီး ထပ်မံသေဆုံးခဲ့ရာ စုစုပေါင်းပြည်သူ ၅ ဦးသေဆုံးခဲ့ကြောင်း CDF – KKG က ထုတ်ပြန်ထားသည်။

“ကလေးတောင်ပိုင်းမှာ ၂၆ ရက် မနက်ပိုင်းကစလို့ ဒီနေ့ ၂၇ ရက်နေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေပါ တယ်၊ ဖောကား ၈ စီးနဲ့ စစ်ကြောင်းထိုးခဲ့တာပါ၊ တိုက်ပွဲအခြေအနေက ပြင်းထန်နေတုန်းမို့ နှစ်ဖက် ထိခိုက်မှု အသေးစိတ်ကို မသိရသေးပါဘူး၊ အာဏာသိမ်းစကတည်းက အဲဒီဘက်မှာက အင်တာနက် လိုင်းတွေဖြတ်ထားခဲ့တာပါ၊ စစ်ကြောင်းထိုးတော့ ဖုန်းလိုင်းတွေပါဖြတ်ထားပါတယ်သေးတယ်” ဟု ဒေသ နေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ယနေ့ နံနက်ပိုင်းက ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article