26 C
Yangon

စစ်ကိုင်းမြို့နယ်၊ ကံကြီးကုန်းကျေးရွာအနီးတွင် စစ်တပ်ရထား မိုင်းဆွဲခံရပြီး နောက် ယခုညပိုင်း ကံကြီးကုန်းကျေးရွာကို စစ်တပ်က မီးတင်ရှို့နေ

Must read

စစ်ကိုင်းမြို့နယ်၊ ကံကြီးကုန်းကျေးရွာအနီးတွင် စစ်တပ်ရထား မိုင်းဆွဲခံရပြီး နောက် ယခုညပိုင်း ကံကြီးကုန်းကျေးရွာကို စစ်တပ်က မီးတင်ရှို့နေ

ရန်ကုန်၊ စက်တင်ဘာ ၂၇

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကံကြီးကုန်းကျေးရွာအနီးတွင် စစ်တပ်ရထား မိုင်းဆွဲခံရပြီးနောက် ယခုညပိုင်း ကံကြီးကုန်းကျေးရွာကို စစ်တပ်က ရွာလုံး ကျွတ် မီးတင်ရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်း စစ်ကိုင်း-ရွာထောင်- စာရေးဘူတာ – ကံကြီးကုန်းဘူတာအထိ စစ်တပ်က ရထား စမ်းသပ်ပြေးဆွဲစဉ် မိုင်းဆွဲခံရ ကြောင်း၊ မိုင်းဆွဲခံရမှုကြောင့် ရထားတိမ်းမှောက်သွားသဖြင့် စစ်ကောင်စီတပ် များက ကံကြီးကုန်းကျေးရွာအတွင်းသို့ ဝင်ရောက် ပစ်ခတ်ပြီး နံနက်ပိုင်းမှ စတင်၍ ရွာကို မီးတင်ရှို့ခဲ့ကြောင်း၊ သို့ရာတွင် မိုးများ ရွာသွန်းသဖြင့် နံနက်ပိုင်း စစ်တပ်၏ ရွာကို မီးတင်ရှို့မှာ ရပ်တန့်သွားကြောင်း၊ ယခုညပိုင်းတွင် စစ်တပ်က ထပ်မံ၍ ကျေးရွာကို မီးတင်ရှို့နေကြောင်း သိရှိရသည်။

“စစ်ကိုင်း – ရွာထောင် – စာရေး ဘူတာ-မြောက်ဘက် ကန်ကြီးကုန်း ဘူတာ အထိ ရထားပြေးနေတုန်း ကံကုန်းကြီးရွာ နားမှာ မနက်က စစ်တပ် ရထား မိုင်းထိတယ်။ အခုညဘက်မှာ ကန်ကြီးကုန်းရွာကို စစ်တပ်က မီးရှို့နေတယ်။ စစ်ခွေးတွေက စစ်ကိုင်းထဲကို ဝင်ဖို့ ရေလမ်းက အဆင်မပြေတော့လို့ ရထား လမ်း ကို ပြန်သုံးဖို့ ပြုပြင်နေတာ။ စာရေးဘူတာအထိ လမ်းပြင်ပြီး သွားပါပြီ။ စစ်ကိုင်းပြည်သူတွေက ရထားလမ်းတွေကို အကုန်ဖျက်ထားတာ။ ပဒူ အလွန် ဝက်လက်နယ်ဘက်ကတော့ ရထားလမ်းတွေ အကုန် ဖျက်ထားတာ။ အခု စစ်ကိုင်း – ကန်ကြီးကုန်း စမ်းသပ် ဆွဲနေတာပါ။ မနက်က မိုင်းထိတော့ ရထား မှောက်သွားတယ်။ ရထားမှောက်ပြီးတော့ စစ်တပ်က ရွာကို မနက်က ဝင်စီးပြီး နေ့လယ် ကတည်းက မီးရှို့တာ။ မိုးရွာလို့ ငြိမ်းသွာတာ။ အဲဒါ ညဘက် ထပ်ရှို့တာပါ။ ရွာသူ ရွာသားတွေကတော့ ထွက်ပြေးနေရတယ်။ ရထားက ရွာထောင်ဘူတာကထွက်လာပြီးတော့ ကံကြီးကုန်းနဲ့ကျောက်ပနန်ရွာအကြား မှာ မိုင်းထိထားတာ။ ရထားက လမ်းဘေးထိုးကျနေတာ အခုအချိန်အထိ ရှိတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က စစ်ကိုင်းမြို့နယ်မှစတင်၍ စစ်ကိုင်းအတွင်းရှိ ဝက် လက်၊ အပါအဝင် မြို့နယ် အများအပြားကို ရထားလမ်းသစ်များ ပြန်လည် ဖောက်လုပ်ပြီး ထိုးဖောက်ဝင်ရောက်ရန် ကြိုးစားနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article