26 C
Yangon

မတ္တရာမြို့နယ်တွင် စစ်တပ်က ကျေးရွာ ၂ ရွာကို ၂ ရက်ဆက် မီးရှို့ပျက်စီးပြီး ဧရာဝတီ မြစ်ကြောင်း တစ်လျှောက်ရှိ ရွာများကို မွှေနှောက်ပျက်စီးနေ

Must read

မတ္တရာမြို့နယ်တွင် စစ်တပ်က ကျေးရွာ ၂ ရွာကို ၂ ရက်ဆက် မီးရှို့ပျက်စီးပြီး ဧရာဝတီ မြစ်ကြောင်း တစ်လျှောက်ရှိ ရွာများကို မွှေနှောက်ပျက်စီးနေ

ရန်ကုန်၊ စက်တင်ဘာ ၂၈

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာ ၂ ရွာကို ၂ ရက်ဆက် မီးရှို့ပျက်စီးပြီး ဧရာဝတီ မြစ်ကြောင်း တစ်လျှောက်ရှိ ရွာများကို မွှေနှောက်ပျက်စီးနေကြောင်း နွေဦးတော်လှန်ရေး-မတ္တရာအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာ ၂၈ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် မတ္တရာမြို့နယ် ရေလယ်ကျွန်းရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အလားတူ စက်တင်ဘာလ ၂၇ ရက်နေ့ကလည်း ဒေါင်းကျွန်းရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် မတ္တရာမြို့နယ် အနောက်ခြမ်း၊ ဧရာဝတီ မြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာများကို စက်တင်ဘာ ၂၇ ရက်နေ့ မှ စတင်ကာ ဝင်ရောက် စီးနင်းနေခြင်းဖြစ်​ပြီး အကြမ်းဖက် စစ်တပ်၏ သံခွန် သင်္ဘောမှလည်း ဟင်္သာကုန်းရွာ၊ ရှင်လှတောင်ရွာ၊ အေးကျွန်းရွာ နှင့် ရေလယ်ကျွန်းရွာတို့ကို မွှေနှောက် ပျက်စီးလျက်ရှိကြောင်း သိရှိရသည်။

“ရေလယ်ကျွန်းရွာကို စစ်ခွေးတွေ မီးရှို့တာ ဒီမနက် ၁၀နာရီ ၄၅ ဝန်းကျင်မှာပါ။ ရေလယ်ကျွန်းက အရင်တုန်းက စစ်ခွေးတွေနဲ့ PDF တွေ တိုက်ပွဲ ဖြစ်ခဲ့တဲ့ အချက်အချာကျတဲ့ နေရာဖြစ်တဲ့အတွက် သူတို့က ညှိုးတာလည်း ဖြစ်နိုင်တယ်။ နံနက်ပိုင်းကတော စစ်ခွေး သံခွန်သင်္ဘောက ဟင်္သာကုန်း၊ ရှင်လှတောင်ရွာ ၊အေးကျွန်း၊ ရေလယ်ကျွန်းရွာတွေကို မွှေနေတာဗျ” ဟု နွေဦးတော်လှန်ရေး-မတ္တရာအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်သင်္ဘော ၁ စင်းလည်း ကသာဘက်မှ စုန်ဆင်းလာသည်ကို တွေ့ရပြီး နယ်မြေရှင်းသည့် ပုံစံဖြင့် လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း၊ လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်၏ သံခွန်သင်္ဘောနှင့် ရှေ့ပြေး မော်တော်တို့သည် မြစ်ကြောင်း မြောက်ဘက်ကို ဦးတည်မောင်းနေကြောင်း သိရှိရသည်။

Photo – စက်တင်ဘာလ ၂၇ ရက်နေ့က အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်စီးနေသော ဒေါင်းကျွန်းကျေးရွာကို အဝေးမှ တွေ့မြင်ရစဥ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article