25 C
Yangon

ချောင်းဦးမြို့နယ် ၊ မကျည်းခွကျေးရွာတွင် စစ်တပ်က တော်လှန်ရေး ရဲဘော် ၄ ဦးကို သတ်ဖြတ်ပြီး အိမ်နှင့်စျေးဆိုင်များ ဖောက်ထွင်းလုယက်

Must read

ချောင်းဦးမြို့နယ် ၊ မကျည်းခွကျေးရွာတွင် စစ်တပ်က တော်လှန်ရေး ရဲဘော် ၄ ဦးကို သတ်ဖြတ်ပြီး အိမ်နှင့်စျေးဆိုင်များ ဖောက်ထွင်းလုယက်

ရန်ကုန်၊ စက်တင်ဘာ ၂၈

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မကျည်းခွကျေးရွာတွင် စစ်ကောင်စီတပ်များ က တော်လှန်ရေးရဲဘော် ၄ ဦးကို သတ်ဖြတ်ပြီး အိမ်နှင့်စျေးဆိုင်များ ဖောက် ထွင်း လုယက်သွားကြောင်း ဒေသပြည်သူများနှင့် ဒေသကာကွယ် ရေးတပ် များထံမှ သိရှိရသည်။

စက်တင်ဘာလ ၂၆ ရက်နေ့ စစ်ကိုင်းတိုင်း၊ ​ချောင်းဦးမြို့နယ်၊ မင်းတည်၊ မင်းခေါင် နှင့် မကျည်းခွ ရွာများအနီးတွင် စစ်ကောင်စီတပ်က ရဟတ်ယာဉ် ၂ စီးဖြင့် ကွန်မန်ဒို စစ်သားများ လာရောက်ချသွားပြီး အဆိုပါ စစ်သားများက မင်းတည်ကျေးရွာအတွင်းသို့ ဝင်ရောက်တပ်စွဲကာ အနီးအနား ကျေးရွာများမှ ပြည်သူများကို ဖမ်းဆီးနှိပ်စက်လျက်ရှိကြောင်း၊ ပြည်သူ အများအပြား ဖမ်းဆီးခံထားရပြီး သေဆုံးမှုများ ရှိနိုင်ကြောင်း၊ လတ်တလော တော်လှန်ရေး ရဲဘော် ၃ ဦးနှင့် ပြည်သူ ၁ ဦး သေဆုံးသွားကြောင်း ၊ ထို့ပြင် မကျည်းခွကျေးရွာအတွင်းတွင်လည်း တော်လှန်ရေးရဲဘော် ၄ ဦးကို သတ်ဖြတ်ပြီး နေအိမ်များကို ဖောက်ထွင်း လုယက်သွားကြောင်း သိရှိရသည်။

“လက်ရှိမှာတော့ အနီးနားရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာနေရာ တွေကို ထွက်ပြေးတိမ်းရှောင်ကြရတာကြောင့် သောက်သုံးရေနဲ့ စားနပ်ရိက္ခာ အခက်အခဲကြီးမားစွာဖြစ်နေပါတယ်။ စစ်တပ်စစ်ကြောင်းက လက်ရှိ မင်းတည် ရွာမှာ အထိုင်ချနေပြီး ရွာခံဒေသပြည်သူတွေကို ဖမ်းဆီးထားတယ်။ တချို့ဒေသပြည်သူတွေလည်း ရွာကထွက်မရဖြစ်ပြီး ပိတ်မိနေပါတယ်။ ရွာထဲ ကို စစ်တပ်က ပစ်ခတ်ပြီး ဝင်ရောက်လာတာမို့ အသေအပျောက်ရှိနိုင်တယ်။

အသေအပျောက်စာရင်းတော့ သေချာမသိရသေးဘူး။ စက်တင်ဘာလ ၂၆ ရက်နေ့မှာ Mi17နဲ့ Mi35 နှစ်စီးနဲ့ စစ်သားတွေ၊ လက်နက်ခဲယမ်းတွေ လာချ ပြီး ရွာတွေကို ဝင်စီးတာ” ဟု ဒေသပြည်သူက အခြေအနေကို ရှင်းပြသည်။

ချောင်းဦးမြို့နယ်မှ ချောင်းဦးဆရာတော် ဦးနန္ဒကမူ စစ်တပ် တပ်စွဲထားသော မင်းတည်ရွာတွင်လည်း စစ်တပ်၏ သတ်ဖြတ်မှုကြောင့် တော်လှန်ရေး ရဲဘော် ၃ ဦး နှင့် ပြည်သူ ၁ ဦး သေဆုံးသွားကြောင်း အတည်ပြုပြောဆိုသည်။

“မင်းတည်ကျေးရွာမှာ ကျတာကတော့ရဲဘော် ၃ယောက်ကတော့ ပြည်သူတစ် ယောက်ကတော့သေချာပြီ။ ခွေးတွေက ရွာထဲရှိနေသေးတော့ ဘယ်သူမှ တော့ အတိအကျသတင်းမရနိုင်သေးဘူး” ဟု ချောင်းဦးဆရာတော် ဦးနန္ဒက ရှင်းပြ သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article