25 C
Yangon

သပိတ်ကျင်းကို ရောက်ရှိလာသည့် စစ်သင်္ဘောများက မြစ်ကမ်းတစ်လျှောက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

Must read

သပိတ်ကျင်းကို ရောက်ရှိလာသည့် စစ်သင်္ဘောများက မြစ်ကမ်းတစ်လျှောက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ စက်တင်ဘာ ၂၈

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် ဆိပ်ကမ်းကို ရောက်ရှိလာသည့် အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘောများက မြစ်ကမ်းတစ်လျှောက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၈ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်တွင် သပိတ်ကျင်းမြို့နယ် ဆိပ်ကမ်းကို ရောက်ရှိလာသည့် အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘော ၆ စင်းသည် သပိတ်ကျင်းမြို့နယ်အတွင်းသို့ ဧရာဝတီမြစ်ကြောင်းအတွင်း အထက်ပိုင်းကို တက်လာသည့်အချိန်မှ စတင်ကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မြစ်ကြောင်း တစ်လျှောက် ပစ်ခတ်နေခြင်းဖြစ်ကြောင်း သိရသည်။

“သပိတ်ကျင်း ဆိပ်ကမ်းမကပ်ခင်တော့ တအားပစ်တာဗျ။ မြစ်အနောက်ဘက်ကို တမင်သက်သက်ပစ်တာပါ။ ထွက်ပြေးတိမ်းရှောင်သူ ၄၀၀ ကျော်လောက်ရှိတယ်ဗျ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘောများက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အညာသီဟတောရွာ ၊ မှန်သာရွာ အပါအဝင် သပိတ်ကျင်းမြို့ မြစ်အနောက်ဘက်ရှိ ကျေးရွာများနှင့် မြစ်ကြောင်းဘေး နေထိုင်းနေသူများ ထွက်ပြေး ရှောင်တိမ်း နေကြရခြင်းဖြစ်ကြောင်း သိရှိရသည်။

Photo – အညာပစ်တိုင်းထောင်လေးများအဖွဲ့

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article