25 C
Yangon

မြင်းမူမြို့ပေါ်ရှိ စစ်ကောင်စီ လက်အောက်ခံ ထွေအုပ်ရုံးနှင့် ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

Must read

မြင်းမူမြို့ပေါ်ရှိ စစ်ကောင်စီ လက်အောက်ခံ ထွေအုပ်ရုံးနှင့် ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

ရန်ကုန်၊ စက်တင်ဘာ ၂၉

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မြင်းမူမြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းအတွင်းသို့ ဒရုန်း ဖြင့် ဗုံးကျဲ တိုက်က် ခိုက်ခဲ့ရာ အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း GTR MMU မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌနထံသို့ ပြောကြားသည်။

ယမန်နေ့ စက်တင်ဘာလ ၂၈ ရက်နေ့ ညနေ ၆ နာရီခန့်အချိန် မြင်းမူမြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ်လက် အောက်ခံ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းအတွင်းသို့ ဒရုန်းဖြင့် ဗုံး ၃၆ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အတိ အကျ သိရှိရခြင်းမရှိဘဲ စုံစမ်းနေဆဲဖြစ်ကြောင်း၊ ရဲစခန်းနှင့် အထွေထွေ အုပ်ချုပ်ရေးရုံးဝန်းအတွင်းရှိ အ ဆောက် အအုံအချို့ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

“မြင်းမူမြို့မှရှိတဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ ရဲစခန်းထဲကို ဗုံးသီး ၃၆ လုံးကျဲ ချတိုက်ခိုက်ခဲ့တာ၊ ရဲစခန်းနဲ့ ထွေအုပ်ရုံးထဲချည်းပဲ ၃၆ လုံးစလုံး တည့်တည့် ကျ ပြီး ပေါက်ကွဲခဲ့တယ်၊ ခွေးသေထိခိုက်မှု ကတော့ မသိရသေးဘူးဗျ၊ အဆောက် အအုံအချို့ထိခိုက်ပျက်စီးမှုကတော့ ရှိတယ်ဗျ၊ ခွေးတွေဘက်က လက်နက် ငယ်တွေနဲ့ ပြန်ပစ်တာရှိပါတယ်” ဟု GTR MMU မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင် တပ်ရင်း ၂ ၊ တပ်ခွဲ ၁ ၊ တပ်ခွဲ ၂ ၊ Ghost Team Ranger Myinmu (GTR –MMU) ၊ တပ်ရင်း ၁၈၀၁ – Federal Wings တပ်ခွဲ ၃ စစ်ကိုင်းဒေသ၊ ကျောက်ဆည်ခရိုင် နဂါးနီ တပ်ရင်း ၁ ၊ Myinmu Defense Force (MMDF) ၊ မြင်းခြံခရိုင် တပ်ရင်း ၆ ၊ ကျောက်ဆည်ခရိုင် ဒရုန်း တပ်ဖွဲ့၊ Lighting Drone Force ၊ မုံရွာခရိုင် ဒရုန်းတပ်ဖွဲ့ ၊ SAF ကျောင်းသား လက်ရုံးတပ်နှင့် စစ်ကိုင်း ခရိုင် ပကဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည် သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိပြန် လည် ဆုတ်ခွာ နိုင်ခဲ့ ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article