25 C
Yangon

ဒေါ်အောင်ဆန်းစုကြည် နေထိုင်သည့် တက္ကသိုလ်ရိပ်သာလမ်း အမှတ် ၅၄- ၅၆ ခြံဝင်းကို အမျိုးသားအဆင့် ယဉ်ကျေးမှု အမွေအနှစ် အဖြစ် သတ်မှတ်၊ အမျိုး သား အမွေအနှစ် ဖျက်ဆီးရန် ကြိုးစားသူများကို အရေးယူမည်ဟု NUG ကြေ ညာ

Must read

ဒေါ်အောင်ဆန်းစုကြည် နေထိုင်သည့် တက္ကသိုလ်ရိပ်သာလမ်း အမှတ် ၅၄- ၅၆ ခြံဝင်းကို အမျိုးသားအဆင့် ယဉ်ကျေးမှု အမွေအနှစ် အဖြစ် သတ်မှတ်၊ အမျိုး သား အမွေအနှစ် ဖျက်ဆီးရန် ကြိုးစားသူများကို အရေးယူမည်ဟု NUG ကြေ ညာ

ရန်ကုန်၊ စက်တင်ဘာ ၂၉

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေထိုင်သည့် ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း အမှတ် ၅၄-၅၆ ခြံဝင်းကို အမျိုးသား အဆင့် ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ NUG က တရားဝင် ထုတ်ပြန်ကြေညာသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အမှတ် ၅၄-၅၆၊ တက္ကသိုလ်ရိပ်သာလမ်း၊ ဗဟန်း မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် တည်ရှိသော ခြံဝင်းဧရိယာ ၁ ဒသမ ၉၂၃ ဧကနှင့် ယင်းမြေဧရိယာ ပေါ်တွင်ရှိသော မရွှေ့မပြောင်းနိုင်သည့် အဆောက်အအုံအားလုံးကို ကြားကာလ အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ကြောင်း၊ ထိုအမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အား မည်သူမဆို ပိုင်ဆိုင်ခြင်း၊ ပိုင်ဆိုင်ရန် ကြိုးစားခြင်း၊ ရောင်းချခြင်း၊ ရောင်းချရန်ကြိုးစားခြင်း၊ ဖျက်ဆီး ခြင်း၊ ဖျက်ဆီးရန်ကြိုးစားခြင်း၊ ပုံစံပြောင်းခြင်း၊ ပြင်ဆင်ခြင်း အခြားနည်းအသုံးချခြင်းတို့အား တင်း ကျပ်စွာတားမြစ်ကြောင်း၊ ထိုတားမြစ်ချက်များအား ဖောက်ဖျက်ကျူးလွန်ပါက ဆက်စပ်ဥပဒေများ နှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးထုတ် ပြန်ကြေညာသည်။

ထိုအမိန့်ကြော်ငြာစာနှင့်ပတ်သက်၍ ကျူးလွန်ဖောက်ဖျက်မှုများ မရှိစေရေးအတွက် အမျိုး သားညီညွတ်ရေးအစိုးရအဖွဲ့၊ အမွေအနှစ်ဆိုင်ရာကြားကာလစီမံအုပ်ချုပ်မှုဗဟိုအဖွဲ့၊ ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ ဥပဒေဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်တွင်း/ပြည်ပရှိ တာဝန်သိပြည်သူများ၊ သတင်းမီဒီယာများ၊ အမွေအနှစ်ဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများက စောင့် ကြပ်ကြည့်ရှုလျက်ရှိကြောင်း၊ ယခုအခါ ယင်းအမိန့်ကြော်ငြာစာပါ တားမြစ်ချက်များအား ဖောက်ဖျက်ရန် ကြိုးပမ်းမှုများ ရှိနေကြောင်း အချက်အလက်ခိုင်မာစွာ ရရှိထားပြီးဖြစ်သဖြင့် တားမြစ်ချက်များအား ဖောက်ဖျက် ကျူးလွန်ပါက ဖောက်ဖျက်ရန် အားထုတ်သူနှင့်အတူ အကြံပြုသူ၊ ခွင့်ပြုသူ၊ ကူညီအားပေးသူ၊ ပြင် ဆင်သူစသည့် အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်အသီးသီးအား မြန်မာနိုင်ငံကပါဝင် အတည်ပြုထားပြီးဖြစ် သည့် ယဉ်ကျေးမှုနှင့် သဘာဝအမွေအနှစ်များနှင့်စပ်လျဉ်းသော နိုင်ငံတကာ ကွန်ဗင်းရှင်းများ၊ အမွေ အနှစ်ဆိုင်ရာတည်ဆဲဥပဒေများ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေအပါအဝင် ဆက်စပ်ဥပဒေများ ဖြင့် ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ က သတိပေးထုတ်ပြန်ကြေညာ သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article