26 C
Yangon

ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေသောကြောင့် ကျေးရွာ ၁၄ ရွာကျော်မှ သောင်းနှင့်ချီသော ပြည်သူများ မိုးထဲရေထဲ ထွက်ပြေး တိမ်းရှောင်နေရ

Must read

ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေသောကြောင့် ကျေးရွာ ၁၄ ရွာကျော်မှ သောင်းနှင့်ချီသော ပြည်သူများ မိုးထဲရေထဲ ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ စက်တင်ဘာ ၃၀

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေသောကြောင့် ကျေးရွာ ၁၄ ရွာကျော်မှ ပြည်သူ ၁၀၀၀၀ ကျော်သည် မိုးထဲရေထဲ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။

စက်တင်ဘာလ ၃၀ ရက်နေ့ နံနက် ၇ နာရီခန့်မှ စတင်ပြီး ဒီပဲယင်းမြို့ပေါ်ကို ရောက်ရှိနေသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ယင်းတွေကျေးရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး အနီးအနားရှိ ကျေးရွာများမှ သောင်းနှင့် ချီသော ပြည်သူများသည် မိုးထဲရေထဲ ဘေးလွတ်ရာသို့ ​ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

လက်ရှိချိန်တွင် ယင်းတွေရွာ၊ ပုဂံရွာ၊ လက်တီးရွာ၊ ခွန်းတောင်းရွာ၊ ကံပြားရွာ၊ အောင်ချမ်းသာရွာ၊ ဝပါရွာ၊ သပြေသာရွာ၊ မှန်သာရွာ၊ ငြိမ်းချမ်းရွာသစ်ရွာ၊ အင်းတန်းရွာ၊ တောကျောင်းရွာ၊ မဲသည်ရွာနှင့် သတဲ့ရွာ တို့မှ ပြည်သူ ၁၀၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“လူဦးရေ တစ်သောင်‌းကျော် ထွက်ပြေး တိမ်းရှောင်နေရတယ်။ လက်ရှိ ရာသီဥတုက မိုးရွာတာကြောင့် လမ်းတွေက ခက်ခက်ခဲခဲ သွားလာတိမ်းရှောင်နေကြရပါတယ်။ ရွာပေါင်း ၁၃ ရွာ ထက်မနည်း လူဦးရေ သောင်းချီ တိမ်းရှောင် နေရပါတယ်။ ပြည်သူတွေ ဖမ်းဆီးခံရမှု ထိခိုက်မှု ရှိမရှိတော့ မသိရသေးဘူး စုံစမ်းနေပါတယ်” ဟု ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ဒီပဲယင်းမြို့နယ်အတွင်း စက်တင်ဘာလ ၂၉ ရက်နေ့ ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းထားသောကြောင့် စစ်ရှောင် ပြည်သူ တချို့သည် သစ်ပင်များ အောက်တွင် မိုးရေများထဲ၌ စစ်ဘေး တိမ်းရှောင်ရကြောင်း၊ ယနေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးလာသောကြောင့် လမ်းများ ဆိုးရွားနေပြီး ခက်ခက်ခဲခဲ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article