28 C
Yangon

ပခုက္ကူ GTC ကျောင်း၌ တပ်စွဲထားသော စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ်မှု ၁ ဦးသေဆုံး

Must read

ပခုက္ကူ GTC ကျောင်း၌ တပ်စွဲထားသော စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ်မှု ၁ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပခုက္ကူနည်းပညာ တက္ကသိုလ် GTC ကျောင်း၌ တပ်စွဲထားသော အကြမ်း ဖက်စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း Southern YSO PDF တပ်ဖွဲ့မှ တာဝန်ခံ ကိုအောင်မောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့‌ ပြော ကြား သည်။

ယနေ့ အောက်တိုဘာလ ၁ ရက် နေ့လည် ၁၁ နာရီ ၁၅ မိနစ်ခန့်က ပခုက္ကူနည်းပညာ တက္ကသိုလ် GTC ကျောင်း၌ အထိုင်ချတပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို စနိုက်ပါဖြင့် ပြောက် ကျားပစ်ခတ်တိုက်ခိုက်ခဲ့ရာ သုံးထပ်ကျောင်းဆောင်၏ ၂ ထပ်မြောက်၌ ပြတင်းပေါက်ဖွင့်ကာ ကင်း စောင့်နေသော အသားမည်းမည်း ဝဝတောင့်တောင့် အကြမ်းဖက်စစ်သားတစ်ဦးကို ထိမှန်ပြီးသေဆုံး ခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေ နည်းပညာကောလိပ်မှာ အထိုင်ချထားတာ တစ်နှစ်နီးပါးရှိပြီ၊ လက်ရှိအင်အားထပ်ဖြည့် တဲ့အနေအထားရှိတယ်၊ ကျနော်တို့ ပြောက်ကျားနည်းနဲ့ တိုက်ခိုက်တာကလည်း စနိုက်ပါနဲ့ တစ် ကောင် လောက်ကိုပဲ ထိထိမိမိပစ်နိုင်ခဲ့တယ်၊ အသေအပျောက်ကတော့ အဲဒီတစ်ကောင်ပဲ ရှိမယ်ဗျ” ဟု Southern YSO PDF တပ်ဖွဲ့မှ တာဝန်ခံ ကိုအောင်မောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့‌ ပြော ကြား သည်။

အဆိုပါတိုက်ခိုက်မှုကို Southern YSO PDF ၊ Yesagyo Revolution Group (YRG) ဒေါင်းစစ်သည် တပ် ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ၄၀ မမများ၊ လက် နက်ငယ်များဖြင့် ဆက်တိုက်ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article