25 C
Yangon

ရွှေဘိုနှင့် မြင်းမူရှိ စစ်တပ် တပ်စွဲထားသော နေရာများနှင့် စစ်ကြောင်းများကို ၁ လတာအတွင်း ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် စစ်သား ၁၀ ဦးသေဆုံး

Must read

ရွှေဘိုနှင့် မြင်းမူရှိ စစ်တပ် တပ်စွဲထားသော နေရာများနှင့် စစ်ကြောင်းများကို ၁ လတာအတွင်း ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် စစ်သား ၁၀ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်နှင့် မြင်းမူမြို့နယ်တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများနှင့် စစ်ကြောင်းများကို စက်တင်ဘာလအတွင်း ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲ တိုက်ခိုက်ခြင်းကြောင့် စစ်သား ၁၀ ဦး သေဆုံးခဲ့ကြောင်း ဗိုလ်ကျားရိုင်း – ရွှေဘို LPDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ရွှေဘိုမြို့နယ်၊ မြင်းချင်းပျူစောထီး စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် လက်လုပ်ဗုံးသီး ၉ လုံးဖြင့် ကျဲချ တိုက်ခို က်ခဲ့ရာ ၂ ဦး သေဆုံးပြီး ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်း သိရသည်။

စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ရွှေဘိုမြို့နယ်၊ သီးလုံးစံပြကျေးရွာရှိ ပျူစောထီးများကို ဒရုန်းဖြင့် လက်လုပ်ဗုံးသီး ၆ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၁၃ ရက်နေ့တွင် ရွှေဘိုမြို့ အနောက်ဖက် စက်သုံးဆီပန့်ဆိုင် တစ်နေရာ၌ ခိုကပ်နေသော စစ်သားများကို ၆၀ မမ ဗုံးသီး ၃ လုံး၊ ၄၀ မမ ဗုံးသီး ၂ လုံး၊လက်လုပ် ဗုံးသီး ၄ လုံး တို့ကို ဒရုန်းဖြင့် ကျဲချ တိုပ်ခိုက်ခဲ့ရာ ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ကျော်ခန့်တွင် မြင်းချင်ပျူစောထီးရွာကို ဒရုန်းဖြင့် ဗုံးသီး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၂၄ ရက်နေ့ ညပိုင်းတွင် ရွှေဘိုမြို့နယ်၊ ကူတိုးဆိပ်ပျူစောထီးရွာနှင့် ညောင်ကိုင်းပျူစောထီးရွာများကို ဒရုန်းဖြင့် လက်လုပ်ဗုံးသီးအလုံး ၂၀ ခန့်ကျဲချခဲ့ရာ ပျူစောထီး ၃ ဦး ပြင်းထန် ဒဏ်ရာရခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၂၈ ရက်နေ့ နံနက် ၁၂ နာရီ ၄၈ မိနစ်နှင့် ညပိုင်းတွင် မြင်းမူမြို့နယ်ရှိ မြင်းချင်း ပျူစောထီးရွာနှင့် မြို့ပေါ်ရှိ ထွေအုပ်ရုံးနှင့် ရဲစခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စက်တင်ဘာလ ၉ ရက်၊ ၁၃ ရက်၊ ၁၇ ရက်နှင့် ၁၈ ရက်နေ့တို့တွင် ရွှေဘိုမြို့နယ်ရှိ ဇီးဖြူကုန်း အနောက်ဘက် ရိုးမြေသင်း၊ ချီပါမျိုးသန့်ခြံ ၊ မင်းကုန်းမူးအနီး ဘီးခွန်ဂိတ် နှင့် သီးလုံး-ဇီးဖြူကုန်း လမ်းပိုင်းတို့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ မိတ္ထီလာမြို့နယ်ပြည်သူ့ကာကွယ်ရေး ဒရုန်းတပ်ဖွဲ့ – LIGHTNING DRONE FORCE (We are everywhere)နှင့် မဟာမိတ်များဖြစ်ကြသော (၁၈၀၁) တပ်ရင်း၊ တပ်ခွဲ(3) စစ်ကိုင်းဒေသ Federal Wings၊စစ်ကိုင်းခရိုင်ပကဖ၊GTR Drone Forceမြင်းမူ၊မုံရွာခရိုင်ဒရုန်းတပ်ဖွဲ့၊SAF ကျောင်းသားလက်ရုံးတပ်၊Bo Ba Taw – ShweBo (Lpdf)၊ကျောက်ဆည်ခရိုင်တပ်ရင်း (၁) နဂါးနီ၊နဂါးနီ အာဠာဝက – ရွှေဘို LPDF၊ မင်းညီနောင် ပျောက်ကျား (LPDF)၊တောင်သူဦးကြီးများအဖွဲ့ – ရွှေဘို၊GOLDEN EAGLE-ZBG LPDF၊ဗိုလ်ဂျပန်ကြီးအဖွဲ့ ရွှေဘို၊ Eagle brother knight force – အရာတော်အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article