25 C
Yangon

ဂျပန်တွင် ဒုတိယအကြိမ်မြောက် ဖက်ဒရယ်ပွဲတော် ကျင်းပ

Must read

ဂျပန်တွင် ဒုတိယအကြိမ်မြောက် ဖက်ဒရယ်ပွဲတော် ကျင်းပ

ရန်ကုန်၊ အောက်တိုဘာ ၂

ဂျပန်နိုင်ငံတွင် ဒုတိယအကြိမ်မြောက် ဖက်ဒရယ်ပွဲတော်ကို ၂၀၂၃ ခုနှစ် ၊စက်တက်ဘာလ ၃၀ရက် နှင့် အောက်တိုဘာလ ၁ ရက် နေ့များတွင် နှစ်ရက်တိုင်တိုင် ကျင်းပခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးစောဘလှသိန်းနှင့် မြန်မာ့ဒီမိုကရေစီအရေး အားပေးထောက်ခံကူညီပေးနေသူ Mr.Ishibashi Michiro တို့မှလည်း နှုတ်ခွန်းဆက်စကား ပြောကြားကာ တိုင်းရင်းသားခေါင်းဆောင်များမှ ဖက်ဒရယ် ဝေါဟာရအား ပြည်သူလူထုနှင့် မိတ်ဆက်ကာ ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ”ဖက်ဒရယ်ပွဲတော်”ကို တူညီတဲ့ ဘုံရည်မှန်းချက်ကို လက်တွဲအကောင်အထည်ဖော်နေကြသည့် မတူကွဲပြား ဒေသအသီးသီးမှ ပြည်ထောင်စုဖွား တိုင်းရင်းသားများ​၏ ဝတ်စားဆင်ယင်မှုများ ၊အစားအသောက်များ ၊ဘာသာစကားနှင့် ယဉ်ကျေးမှုများကို အတူတကွ ယှဉ်တွဲကာ “ဖက်ဒရယ်” ဆိုသည်မှာ ခွဲထွက်ရေးမဟုတ် ကိုယ့်ကြမ္မာကိုယ်ဖန်တီးကာ ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်သွားနိုင်ရန်သာဖြစ်ပြီး ဖက်ဒရယ်ပြည်ထောင်စုကြီးအတွက် မိမိတို့ အဆင်သင့်ဖြစ်နေကြပြီဆိုတာကို ပြသသွားနိုင်ရန်ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ ပွဲမှ ရရှိလာသော အကျိုးအမြတ်များကို သက်ဆိုင်ရာ တိုင်းရင်းသားအဖွဲ့အစည်းများမှတစ်ဆင့် တော်လှန်ရေးအတွက် ထိရောက်စွာ အသုံးပြုနိုင်ရန် ပေးပို့ လှူဒါန်းသွားမှာ ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article