25 C
Yangon

သီပေါမြို့နယ်တွင် ငွေရည်ပုလဲကုမ္ပဏီက စစ်ကောင်စီနှင့် ပူးပေါင်းပြီး ကျောက်မီးသွေးတူးရန် ပြည်သူပိုင် လယ်မြေဧက ၅၀၀ ခန့်ကို မတရား သိမ်းယူ

Must read

သီပေါမြို့နယ်တွင် ငွေရည်ပုလဲကုမ္ပဏီက စစ်ကောင်စီနှင့် ပူးပေါင်းပြီး ကျောက်မီးသွေးတူးရန် ပြည်သူပိုင် လယ်မြေဧက ၅၀၀ ခန့်ကို မတရား သိမ်းယူ

ရန်ကုန်၊ အောက်တိုဘာ ၂

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ နမ္မတူဒေသတွင် ငွေရည်ပုလဲကုမ္မဏီက အကြမ်းဖက်စစ် ကောင်စီနှင့်ပူးပေါင်းပြီး ကျောက်မီးသွေးတူးရန်ဟုဆိုကာ ဒေသနေပြည်သူ လယ်မြေ ဧက ၅၀၀ ခန့်ကို မတရားသိမ်းယူထားကြောင်း သီပေါဒေသနေ တက်ကြွလှုပ်ရှားသူ ဗင်ဒါက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် နမ္မတူဒေသ၌ ကျောက်မီးသွေးတွင်း တူးရန်ဟုဆိုကာ ငွေရည်ပုလဲကုမ္မဏီ က အကြမ်းဖက်စစ်ကောင်စီနှင့်ပူးပေါင်းပြီး လုပ်ကွက် ဧက ၃၀၀၀ နီးပါးကို သိမ်းယူခဲ့ကြောင်းခဲ့ ကြောင်း၊ ထိုသို့ သိမ်းယူမှုအတွင်း ဒေသနေပြည်သူများ၏ လယ်ယာမြေ ဧက ၅၀၀ နီးပါးဝင်ခဲ့ပြီး ဒေသနေပြည်သူများက ကန့်ကွက်နေသော်လည်း လယ်ယာခင်းများအတွင်းသို့ စက်ကြီးများချကာ တူးဖော်ရန် ပြင်ဆင်နေကြောင်း သိရသည်။

“ လယ်မြေ ဧက ၅၀၀ ပါ၊ ရေဝေရေလဲ ဧရိယာက ၄၀၀ ကျော်၊ လောလောဆယ်တော့ ဒေသခံ တွေက ကုမ္မဏီကို လာမတူးဖို့ ကန့်ကွက်နေတယ်၊ ဒါပေမယ့် ဒေသခံတွေရဲ့ လယ်တွေထဲကို သူတို့ စက်ကိရိယာ တွေ အတင်းလာချထားတော့ ဒီနှစ်ရိတ်သိမ်းရမယ့် သီးနှံတွေ ရိတ်သိမ်းလို့မရဘူး၊ အများကြီးဆုံးရှုံးနေ တယ်” ဟု သီပေါဒေသနေ တက်ကြွလှုပ်ရှားသူ ဗင်ဒါက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောဆို သည်။

အဆိုပါ ငွေရည်ပုလဲကုမ္မဏီ၏ ကျောက်မီးသွေးတူးဖော်မှုကြောင့် သဘာဝပတ်ကျင်များစွာထိခိုက်ပျက် စီးမှုရှိခဲ့ပြီး ပြည်သူများမှ အစဉ်တစိုက်ကန့်ကွက်ခဲ့သော်လည်း အကြမ်းဖက်စစ်ကောင်စီမှ လူသတ်လက် နက်ဝယ်ယူရန် ငွေရည်ပုလဲ ကုမ္မဏီထံမှ အခွန်များစွာယူဆောင်ကာ ထပ်မံချပေးခြင်းဖြစ်ကြောင်း၊ ထို့ ကြောင့် အောက်တိုဘာလ ၁ ရက် နေ့တွင် ရှမ်းမြောက်ဒေသနေ လူငယ်များမှ သီပေါမြို့ပေါ်တွင် “လူ သတ် လက်နက်ဝယ်ယူရန် စစ်ကောင်စီ ကို ထောက်ပံ့နေသည့် ငွေရည်ပုလဲကုမ္မဏီထုတ်ကုန်များကို သပိတ်မှောက်ကြရန်နှင့် နမ္မတူ ပြည်သူများနှင့်အတူ ရပ်တည်ပေးကြပါရန်တောင်းဆိုကြောင်း” ကမ်ပိန်း တစ်ခုပြုလုပ်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article