25 C
Yangon

မြဝတီမြို့နယ်တွင် KBZ ဘဏ်ဝန်ထမ်း ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

မြဝတီမြို့နယ်တွင် KBZ ဘဏ်ဝန်ထမ်း ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် KBZ ဘဏ် ဝန်ထမ်း ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂ ရက်နေ့တွင် မြဝတီမြို့နယ်၊ အမှတ် ၄ ရပ်ကွက်၊ မေတ္တာ ၃ လမ်းထိပ်တွင် KBZ ဘဏ် ဝန်ထမ်း ဦးတင်မောင်အေးကို အမည်မသိ သေနတ်သမားများက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

” သူက ဘဏ်ဝန်ထမ်းပဲ သတင်းထွက်နေတာကတော့ သူက ငွေရေးကြေးရေး ကိစ္စကြောင့် ပစ်ခတ်ခံရတာလို့ သတင်းတွေ ထွက်နေတယ်။ ဘယ်အဖွဲ့အစည်းက ပစ်တာလည်း ဆိုတာတော့ မသိရသေးဘူး” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။

အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်တပ် လက်အောက်ခံ BGF တပ်ဖွဲ့ဝင်များ ပစ်ခတ်မှု ဖြစ်ပွားသည့် နေရာကို ရောက်ရှိလာပြီး ပြည်သူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article