30 C
Yangon

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Siam Paragon ကုန်တိုက် ပစ်ခတ်မှုတွင် အရောင်း ဝန်ထမ်း မြန်မာ ၁ ဦးနှင့် တရုတ်နိုင်ငံသား ၁ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

Must read

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Siam Paragon ကုန်တိုက် ပစ်ခတ်မှုတွင် အရောင်း ဝန်ထမ်း မြန်မာ ၁ ဦးနှင့် တရုတ်နိုင်ငံသား ၁ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၃

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Siam Paragon ကုန်တိုက်တွင် ယနေ့ ညနေပိုင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အရောင်းဝန်ထမ်း မြန်မာ ၁ ဦးနှင့် တရုတ်နိုင်ငံသား ၁ ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ အောက်တိုဘာလ ၁ ရက်နေ့ ထိုင်းစံတော်ချိန် ညနေ ၅ နာရီအချိန် Siam Paragon ကုန်တိုက်တွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ ပြစ်မှုကျူးလွန်သူမှာ အသက် ၁၄ နှစ်အရွယ် လူငယ်တစ်ဦးဖြစ်ပြီးရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ အဆိုပါ ဖြစ်စဉ်တွင် သေဆုံးသူ ၂ ဦးရှိပြီး တရုတ်နိုင်ငံသား ၁ ဦး အခင်းဖြစ် နေရာ တွင် သေဆုံးခဲ့ကြောင်း၊ မြန်မာနိုင်ငံသား ကုန်တိုက်ဝန်ထမ်းမှာ ကျည် ထိမှန်ဒဏ်ရာဖြင့် ဆေးရုံတင်ပို့စဉ် သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဒဏ်ရာရသူ ၅ ဦးကို ချူလာလောင်ကွန် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ၎င်းတို့ အနက် ၃ ဦးမှာ ထိုင်းအမျိုးသားတစ်ဦး၊ အသက် ၃၀ ဝန်းကျင် (စတိုးဆိုင် လုံခြုံရေး အစောင့်)၊ အသက် ၃၀ ဝန်းကျင်ရှိ တရုတ်အမျိုးသမီးတစ်ဦး ဖြစ် ကြောင်း၊ ကျန် ၂ ဦးမှာ အခြေအနေ စိုးရိမ်ရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article