29 C
Yangon

ချောင်းဦးမြို့နယ်တွင် စစ်သားများ လိုက်ပါသော အိမ်စီးကားကို မိုင်းဆွဲ တိုက် ခိုက်

Must read

ချောင်းဦးမြို့နယ်တွင် စစ်သားများ လိုက်ပါသော အိမ်စီးကားကို မိုင်းဆွဲ တိုက် ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၃

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ဘက်စုံခြံမှ ထွက်လာသော စစ်သား များ လိုက်ပါသည့် အိမ်စီးကားတစ်စီးကို မိုင်း ဆွဲတိုက်ခိုက်ခဲ့ကြောင်း Brave Heart Army – BHA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ် သတင်း ဌာန ထံသို့ ပြောကြားသည်။

ယနေ့ အောက်တိုဘာလ ၃ ရက် မွန်းလွဲ ၁ နာရီမိနစ် ၄၀ အချိန် ချောင်းဦးမြို့ နယ်၊ ခင်မွန်ဘက်စုံခြံ အတွင်းမှ CROWN အမျိုးအစား အိမ်စီးကားဖြင့် မုံရွာ ဘက်သို့ ထွက်လာသော အကြမ်းဖက်စစ်ကောင်စီ တပ်သားများကို ပဒေသာ မိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိထိမိမိတိုက်ခိုက်နိုင် သော်လည်း ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“ခွေးကားအကြီးက ချောင်းဦးကနေ ထွက်လာပြီး ခင်မွန်ဘက်စုံခြံထဲကို ဝင် သွားတာဗျ၊ အဲဒီကားက မုံရွာဘက်ကို ထွက်မယ်ထင်ပြီး မိုင်းထောင် စောင့် နေတာ၊ သူကထွက်မလာဘဲ အိမ်စီးကားနဲ့ ထွက်လာ လို့ မိုင်းဆွဲလိုက် တာ၊ ရှေ့ထွက်မိုင်း ၂ လုံး၊ ပတ်လည်ကွဲတစ်လုံးလည်း ပါတယ်၊ ရှေ့ထွက်မိုင်း ဆို တော့ ထိတယ်ဗျ၊ ကားပေါ်ကနေ ဆဲဆိုပြီး စွမ်းရည်ထက် ဂိတ်ထဲကို ဝင်သွား တယ်၊ ထိခိုက်သေဆုံးမှုကတော့ မသိရသေးဘူး” ဟု Brave Heart Army – BHA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို BRAVE HEART ARMY(BHA)တပ်ဖွဲ့နှင့် CHINDWIN FIGHTER GROUP(CFG) တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article