25 C
Yangon

သာကေတ သန်လျင်ရေတပ်ဝင်းနှင့် မင်္ဂလာဒုံ လေတပ်အနီးတွင် ပေါက်ကွဲသံ တချို့ ထွက် ပေါ် ခဲ့ပြီး မြောက်ဒဂုံ၊ တောင်ဒဂုံတွင်လည်း ဗုံးများပေါက်ကွဲ

Must read

သာကေတ သန်လျင်ရေတပ်ဝင်းနှင့် မင်္ဂလာဒုံ လေတပ်အနီးတွင် ပေါက်ကွဲသံ တချို့ ထွက် ပေါ် ခဲ့ပြီး မြောက်ဒဂုံ၊ တောင်ဒဂုံတွင်လည်း ဗုံးများပေါက်ကွဲ

ရန်ကုန်၊ အောက်တိုဘာ ၃

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ သန်လျင်ရေတပ်ဝင်း၊ မင်္ဂလာဒုံမြို့နယ်၊ လေတပ်အနီးတို့တွင် ယနေ့ ညပိုင်း ပေါက်ကွဲသံတချို့ထွက်ပေါ်လာကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၃ ရက်နေ့ ည ၉ နာရီအချိန် ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ Water Boom အနီး ရေတပ်ဝင်းအနီးတွင် ပေါက်ကွဲသံတစ်ချက် ကျယ် လောင်စွာ ထွက်ပေါ်ခဲ့ကြောင်း သာကေတမြို့နယ်မှ ပြည်သူတချို့ ပြောဆို သည်။

“ပေါက်ကွဲသံကတော့ အတော်ကို ကျယ်ပါတယ်။ ည ၉ နာရီပေမယ့် လမ်းပေါ် မှာ ကား၊ လူသိပ်မရှိတော့ဘူး။ အဲဒီအချိန်ပေါက်တာ။ ရေတပ်ဝင်းနားပဲ” ဟု သာကေတမြို့မှ ပြည်သူတစ်ဦးက ဆိုသည်။

အလားတူ အောက်တိုဘာလ ၃ ရက်နေ့ ည ၁၀ နာရီ ၁၁ မိနစ်အချိန် မင်္ဂလာဒုံ မြို့နယ် ၊ လေတပ်ဝင်းအနီးတွင် ပေါက်ကွဲသံ ကျယ်လောင်စွာ ထွက်ပေါ်ခဲ့ ကြောင်း ဒေသပြည်သူတစ်ဦး က ပြောဆိုသည်။

“မင်္ဂလာဒုံ လေတပ်နားမှာ ဒီည ၁၀ နာရီ ၁၁ မိနစ်မှာ ပေါက်ကွဲသံကြားရတယ်။ ကြားရတဲ့ကတော့ ကျယ်ပေမယ့် အုပ်ပြီးထွက်လာတဲ့အသံမျိုးပဲ။ ကျယ်တာ တော့တော်တော်ကျယ်တယ် ။ ဟိုးအရင် ရှော့တိုက်ဒုံးပစ်သလိုတော့ အသံမ ကျယ်ဘူး။ မပြင်းဘူး။ မြေကြီးတုန်ခါမှုလည်းမရှိဘူး။ အရင်တစ်ခေါက်တုန်းက တော်တော်ပြင်းတယ်။ ပေါက်ကွဲတာက မင်္ဂလာဒုံ လေတပ်စခန်းနား လို့ထင် တယ်” ဟု မင်္ဂလာဒုံလေတပ်အနီး နေထိုင်သူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် ယနေ့ ည ၁၀ နာရီအချိန်တွင် တောင်ဒဂုံတွင်လည်းကောင်း၊ မြောက်ဒဂုံ တွင်လည်းကောင်း ပေါက်ကွဲသံများ အသီးသီးထွက်ပေါ်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရန်ကုန်တွင် ညပိုင်း ကင်းလှည့်နေသည့် အကြမ်းဖက်စစ်ကားတစ်စီး။(ပုံအဟောင်းဖြစ်သည်။ )

Photo- AFP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article