27 C
Yangon

အရာတော်မြို့နယ် ၊ ငွေတွင်းရွာတွင် ပျူစောထီးအချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး တစ်ဦးသေဆုံး၊ သေဆုံးပျူစောထီး၏ အသုဘ ချနေစဉ် PDF က ဒရုန်းဖြင့် ဗုံး ကျဲ

Must read

အရာတော်မြို့နယ် ၊ ငွေတွင်းရွာတွင် ပျူစောထီးအချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး တစ်ဦးသေဆုံး၊ သေဆုံးပျူစောထီး၏ အသုဘ ချနေစဉ် PDF က ဒရုန်းဖြင့် ဗုံး ကျဲ

ရန်ကုန်၊ အောက်တိုဘာ ၄

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းပျူစောထီးကျေးရွာတွင် ပျူစောထီး အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး တစ်ဦးသေဆုံး ခဲ့ကာ အဆိုပါ သေဆုံးသွားသော ပျူစောထီးကို အသုဘချနေစဉ် PDF က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း Ngwe Dwin Revolution Force – NDRF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ယမန်နေ့ အောက်တိုဘာလ ၃ ရက် နံနက် ၄ နာရီခန့်တွင် ငွေတွင်းကျေးရွာရှိ ပျူအချင်း ချင်း စကားများ ရန်ဖြစ်ပြီး ပစ်ခတ်မှုဖြစ်ရာ ပျူတစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ဒဏ်ရာရ ပျူကို ဆေးရုံသို့ပို့ဆောင်ခဲ့သော် လည်း သေဆုံး သွားခဲ့ ကြောင်း၊ ထိုနောက် သေဆုံးသွားသော ပျူစောထီး၏ အသုဘအခမ်းအနား ပြုလုပ်နေ စဉ် ဒရုန်းဖြင့် ဗုံးသီး ၁၀ လုံး၊ Shar Htoo Waw နည်းပညာ ဒရုန်း လေယာဉ်ငယ်ဖြင့် ဗုံးသီး ၅ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ပျူအလောင်းထား ရှိရာ နေရာပေါ်သို့ တည့်တည့်ကျရောက်ခဲ့ကြောင်း သိရသည်။

“စစ်ခွေးစုနေတဲ့နေရာကို တည့်တည့်ကျတာဆိုတော့ သေဆုံးထိခိုက်မှုကတော့ ရှိနိုင်တယ်ဗျ၊ အတိအကျ တော့ မသိရဘူး၊ ငွေတွင်းရွာဆိုတာက ပျူတွေ ဆိုးသွမ်း နေ တဲ့ရွာ၊ ပြည်သူတွေကို ဖမ်းဆီးရိုက်နှက်တာ၊ ငွေတောင်း၊ မိန်းကလေး တွေဆိုရင် မုဒိမ်းကျင့်တဲ့အထိပါ ဆိုးသွမ်းတဲ့ရွာဗျ၊ ရွာဘေး ပတ် ပတ်လည်မှာ ကင်းတွေ အများကြီးရှိတယ်၊ အင်အားက ၁၀၀ လောက်ရှိ တာ” ဟု Ngwe Dwin Revolution Force – NDRF တပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ထိုသို့ ဗုံးသီးကျဲချတိုက်ခိုက်နေချိန်အတွင်း မြေပြင်မှ ရဲဘော်များကလည်း လက်နက် ကြီး၊လက်နက်ငယ် များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်မှုကြောင့် အထိနာသော အကြမ်းဖက်စစ်သား၊ ပျူစောထီးများက ၆၀ မမ၊ ၄၀ မမ များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့တိုက်ခိုက်ခဲ့ပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင် ၃ ဦးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို Ngwe Dwin Revolution Force- NDRF ၊ MRTF ၊ ကျောက် ဆည်ခရိုင် နဂါးနီ တပ်ရင်း ၁ နှင့် Lighting Drone Force မဟာမိတ် တပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- Eagle Brigade (AnyarEagles)တပ်ဖွဲ့၏ ဒရုန်းလေယာဉ်တစ်စီး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article