25 C
Yangon

အင်ဒိုနီးရှားနိုင်ငံပိုင် ကုမ္ပဏီ ၃ ခုက မြန်မာစစ်တပ်ထံ လက်နက်များ ရောင်းချမှု အင်ဒိုနီးရှား အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ထံ တိုင်ကြား

Must read

အင်ဒိုနီးရှားနိုင်ငံပိုင် ကုမ္ပဏီ ၃ ခုက မြန်မာစစ်တပ်ထံ လက်နက်များ ရောင်းချမှု အင်ဒိုနီးရှား အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ထံ တိုင်ကြား

ရန်ကုန်၊ အောက်တိုဘာ ၄

အင်ဒိုနီးရှားနိုင်ငံပိုင် ကုမ္ပဏီ ၃ ခုက မြန်မာစစ်တပ်ထံ လက်နက်များ ရောင်းချ ခဲ့မှု နှင့် ပတ်သက်ပြီး အင်ဒိုနီးရှား အမျိုးသား လူ့အခွင့်အရေးကော်မရှင်ထံသို့ တိုင်ကြားမှု တစ်ရပ် ရောက်ရှိလာကြောင်း Reuters သတင်းတစ်ရပ်အရ သိရှိရ သည်။

၂၀၂၁ ခုနှစ် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် အင်ဒိုနီးရှားက မြန်မာစစ်တပ်ထံသို့ လက်နက်ရောင်းချမှု ပိတ်ပင်တားဆီးသည့် တောင်းဆို ထုတ်ပြန်သော ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်တွင် အင်ဒိုနီးရှားနိုင်ငံကပါ ဝင် ထောက်ခံမဲပေးခဲ့သည်။

သို့ရာတွင် အင်ဒိုနီးရှားနိုင်ငံပိုင် လက်နက်ထုတ်လုပ်ရေးကုမ္ပဏီ PT Pindad၊ သင်္ဘော ထုတ်လုပ်ရေး ကုမ္ပဏီ PT PAL နှင့် လေကြောင်းဆိုင်ရာကုမ္ပဏီ PT Dirgantara Indonesia တို့က မြန်မာစစ်ကောင်စီမှ ဝန်ကြီးတစ်ဦးသား ပိုင်ဆိုင် သော True North မြန်မာကုမ္ပဏီမှတစ်ဆင့် စစ်သုံးပစ္စည်းများ တင်ပို့ ရောင်းချခဲ့ကြောင်း သိရှိရသည်။

အဆိုပါ လက်နက်တင်ပို့ရောင်းချမှုနှင့်ပတ်သက်ပြီး ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO နှင့် Myanmar Accountability Project တို့က အင်ဒိုနီးရှား အမျိုးသား လူ့အခွင့်အရေးကော်မရှင်ထံသို့ အောက်တိုဘာလ ၂ ရက်နေ့တွင် တိုင်ကြားခြင်းဖြစ်ကြောင်း သိရှိရသည်။

တိုင်ကြားစာတင်သည့်အဖွဲ့တွင် မြန်မာအရေး လှုပ်ရှားသော အဖွဲ့ ၂ ဖွဲ့ဖြစ် သည့် ချင်းလူ့အခွင့်အရေးအဖွဲ့၊ မြန်မာနိုင်ငံ တာဝန်ခံမှုပရောဂျက်-Myanmar Accountability Project နှင့်အတူ အင်ဒိုနီးရှားရှေ့နေချုပ်ဟောင်းနှင့် လူ့အခွင့် အရေးလှုပ်ရှားသူ ရှေ့နေ Marzuki Darusman တို့ ပါဝင်နေကြောင်း သိရှိရ သည်။

PT Pindad ၏ ဒါရိုက်တာက ၂၀၁၆ ခုနှစ်ကတည်းက မြန်မာနိုင်ငံသို့ ကုန် ပစ္စည်းများ မရောင်းချခဲ့ကြောင်း ၊ PT Dirgantara Indonesia ကမူ မြန်မာ နိုင်ငံနှင့် ဆက်စပ်သော တတိယအဖွဲ့အစည်းနှင့် တစ်ခါမှ စာချုပ်မချုပ် ဖူးကြောင်း ငြင်းဆိုသည်။

မြန်မာကုမ္ပဏီ True North ကလည်း မှတ်ချက်ပေးရန် တောင်းဆိုချက်ကို ချက်ချင်းတုံ့ပြန်ခြင်းမရှိသော်လည်း Reuters က မြင်တွေ့ရသည့် ကုမ္ပဏီ ပရိုဖိုင် တွင် အင်ဒိုနီးရှားကုမ္ပဏီ ၃ ခုကို “မဟာဗျူဟာမြောက်မိတ်ဖက်များ” အဖြစ် သတ်မှတ်ကြောင်း ဖော်ပြထားသည်။

အဆိုပါ အင်ဒိုနီးရှား ကုမ္ပဏီ ၃ ခုထံမှ မြန်မာစစ်တပ်က ပစ္စတို၊ ချေမှုန်းရေး ရိုင်ဖယ်များနှင့် တိုက်ခိုက်ရေးယာဉ်များအပါအဝင် စစ်သုံးပစ္စည်းများ ဝယ်ယူခဲ့ ကြောင်း တက်ကြွလှုပ်ရှားသူများက ဆိုကြသည်။

အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက တိုင်ကြားချက်ကို လေ့လာနေကြောင်း ပြောဆိုပြီး ကာကွယ်ရေးဝန်ကြီးဌာနကမူ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်းမရှိပေ။

အင်ဒိုနီးရှားရှေ့နေချုပ်ဟောင်းနှင့် လူ့အခွင့်အရေးလှုပ်ရှားသူ ရှေ့နေ Marzuki Darusmanက အင်ဒိုနီးရှား လူ့အခွင့်အရေး အခွင့်အရေးကော်မရှင်အနေဖြင့် နိုင်ငံပိုင်လုပ်ငန်းများသည် အစိုးရ၏ထိန်းချုပ်မှုနှင့် ကြီးကြပ်မှုအောက်တွင် ရှိသောကြောင့် စုံစမ်းစစ်ဆေးရန် တာဝန်ရှိသည်ဟုပြောဆိုသည်။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်သည် အနည်းဆုံး အမေရိကန်ဒေါ် လာ ၁ ဘီလီယံတန်ဖိုးရှိ လက်နက်နှင့် ဆက်စပ်ပစ္စည်းများကို ရုရှား၊ တရုတ်၊ စင်ကာပူ၊ ထိုင်းနှင့် အိန္ဒိယတို့မှ တင်သွင်းခဲ့သည်ဟု ကုလသမဂ္ဂ၏ မြန်မာ နိုင်ငံဆိုင် ရာ အထူးကိုယ်စားလှယ်က မေလတွင် သတင်းထုတ်ပြန် ခဲ့သည်။

ဓာတ်ပုံ- မြန်မာ အကြမ်းဖက်စစ်တပ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article