25 C
Yangon

ဆားလင်းကြီးနှင့် ယင်းမာပင် နယ်စပ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က ရဟတ်ယာဥ်ဖြင့် ပစ်ခတ်နေ

Must read

ဆားလင်းကြီးနှင့် ယင်းမာပင် နယ်စပ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က ရဟတ်ယာဥ်ဖြင့် ပစ်ခတ်နေ

ရန်ကုန်၊ အောက်တိုဘာ ၄

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်နှင့် ယင်းမာပင်မြို့နယ် အစပ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က ရဟတ်ယာဥ်ဖြင့် ပစ်ခတ်နေကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၁၀ နာရီ ၃၃ မိနစ်တွင် အကြမ်းဖက် စစ်တပ်က ဆားလင်းကြီးမြို့နယ် ၊ ဘိုက်သရက်ရွာ နှင့် ယင်းမာပင်မြို့နယ် ၊ လည်ငှောက်ရွာ တို့ကို Mi 35 ရဟတ်ယာဥ် ၁ စီးဖြင့် လာရောက် ပစ်ခတ်လျက်ရှိကြောင်း သိရသည်။

” ဆားလင်းကြီးမြို့နယ်နဲ့ ယင်းမာပင်မြို့နယ် အစပ်က လည်ငှောက်ရွာနဲ့ ဘိုက်သရက်ရွာ အကြားကို စစ်ခွေးတွေက Mi 35 ရဟတ်ယာဥ်နဲ့ လာရောက်ပစ်ခတ်သွားတယ်။ ထိခိုက်ပျက်စီးမှု အ​ခြေအနေတော့ မသိရသေးဘူး” ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ထို့ပြင် ဆားလင်းကြီးမြို့မှ ထွက်သော အကြမ်းဖက် စစ်တပ်၏ ယာဥ်တန်းကို လုံခြုံရေး အဖြစ် လိုက်ပါလာသော စစ်သားများလည်း ယင်းမာပင်​မြို့နယ် လည်ငှောက်ရွာ အနီးရောက်ရှိနေကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article