28 C
Yangon

မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်းနှင့်မြောက်ပိုင်းကို ထိန်းချုပ်နိုင်ရေး စစ်ရေး အရှိန်မြှင့် တိုက်ခိုက်မည်

Must read

မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်းနှင့်မြောက်ပိုင်းကို ထိန်းချုပ်နိုင်ရေး စစ်ရေး အရှိန်မြှင့် တိုက်ခိုက်မည်

ရန်ကုန်၊ အောက်တိုဘာ ၅

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်နှင့် မွန်ပြည်နယ်၊ ရေးမြို့နယ်တို့၌ ၃ လ အတွင်း စစ်ဆင်ရေး ၇ ကြိမ်ဖော်ဆောင်ခဲ့ရာ ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ် သား ၂၈ ဦးသေဆုံးပြီး မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်း နှင့်မြောက်ပိုင်းကို ထိန်းချုပ် သွားနိုင်ရန် စစ်ဆင်ရေးအရှိန်မြှင့်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဒေါနစစ်ကြောင်းထံမှ သိရသည်။

စက်တင်ဘာလ ၁၂ ရက်နေ့က မွန်ပြည်နယ်၊ ရေးမြို့ အခြေစိုက် အကြမ်းဖက် စစ်ကောင်စီ စကခ ၁၉ လက်အောက်ခံ ခမရ ၅၈၃ နှင့် ခမရ ၅၉၁ တပ်တို့ကို YGF၊ MSRF၊ ABSDF တပ်ရင်း ၁ ၊ KNLA တပ်ရင်း ၂၇ ၊ MSRO နှင့် YAF တပ်များ ပူးပေါင်းပြီး လက်နက်ကြီးများဖြင့် တပြိုင်နက်တည်း ပစ်ခတ် တိုက် ခိုက်ခဲ့ ရာ အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၂ ရက်နေ့ကလည်း ကော့ကရိတ်မြို့နယ်နှင့် မြဝတီမြို့နယ်၊ လက်ခတ်တောင် ဘက် ခြမ်းသို့ ထုတ်နုတ်အင်အားများ ပေးပိုနေ့သည့် မွန် ပြည် နယ်၊ ရေးမြို့အခြေစိုက် အမှတ် ၁၉ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် ( စကခ- ၁၉) လက်အောက်ခံ ခလရ ၆၁ တပ်ရင်းအတွင်းသို့ YGF၊ MSRF၊ ABSDF တပ်ရင်း ၁ နှင့် KNLA တပ်ရင်း ၂၇ တို့ ပူးပေါင်းပြီး ၈၁ မမ လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သားများ လူစစ်တန်း စီနေချိန် တပ်ရင်းအတွင်းသို့ တိုက်ရိုက်ကျရောက်ပေါက်ကွဲပြီး ဗိုလ် ကြီးတစ်ဦး အပါအဝင် ၈ ဦးသေဆုံးကာ ၃၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ဩဂုတ်လ ၂၈ ရက် နေ့ ကော့ကရိတ်မြို့နယ် အစည်းအဝေး ခန်းမ တွင် အကြမ်းဖက် စစ် သား ၆၀ ခန့် အစည်းအဝေးပြုလုပ်နေကြောင်း သတင်း အရ တောင်ပိုင်းတိုင်း စစ်ဒေသသမှူး ၂ မှ ကွပ် ကဲကာ ဒေါနစစ်ကြောင်းက နယ်မြေခံတပ်ရင်းများနှင့် ပူးပေါင်းပြီး အာရှလမ်းမကြီးဘေးမှ လက်နက်ကြီး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက် သေဆုံး မှု ကို စုံစမ်းနေဆဲဖြစ် ကြောင်း သိရသည်။

ထို့ပြင် ဩဂုတ်လ ၂၈ ရက်နေ့က မွန်ပြည်နယ်၊ ရေးမြိုအခြေစိုက် အမှတ် ၁၉ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်နှင့် ခလရ ၆၁ တပ် တို့ကို ဒေါနစစ်ကြောင်း ၊ MSRF၊ ABSDF၊ YDF၊ YAF၊ TPLF ၊ KBDF နှင့် MSRO အဖွဲများ ပေါင်းပြီး ဒရုန်း လေယာဉ် ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ရာသီဥတု ဆိုးရွား မှုကြုံတွေ့ခဲ့ ရကြောင်း၊ ဒရုန်း လေယာဉ်တစ်စီးပျက်စီးဆုံးရှုးခဲ့ကြောင်း သိရှိရသည်။

ဩဂုတ်လ ၉ ရက်နေ့က မြို့ပြစစ်ဆင်ရေးအဖြစ် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာနေ ပျူခေါင်း ဆောင်ရီဝေနှင့် အပေါင်းပါ ၆ ဦးကို ဒေါနစစ် ကြောင်း မြို့ပြပြောက်ကျား တပ်သားများက အနီးကပ် ပစ်ခတ်ရှင်းလင်းခဲ့ရာ ပျူခေါင်းဆောင်ရီဝေအပါအဝင် ၄ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

ဇူလိုင်လ ၂၇ က်နေ့ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူ ခြမ်းရှိ အမတ ၂၈၃ မူဂျာထိပ်စခန်းကို ဒေါနစစ်ကြောင်း၊ MSRF ၊ YAF ၊ T-5 ၊ KBPDF ၊ TPLF နှင့် ABSDF တပ်ရင်း၁ တို့ ပူးပေါင်းပြီး Drone ဖြင့်ဗုံးကြဲ တိုက် ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ထို့အတူ ဇူလိုင်လ ၁၃ ရက်နေ့ ရေးမြို့အခြေစိုက် စကခ ၁၉ ဌာနချုပ်၊ ခလရ ၆၁ နှင့် အမတ ၃၁၆ အ မြောက်တပ်တို့ကို ဒေါနစစ် ကြောင်းနှင့် ပူးပေါင်းမဟာမိတ် မွန်ပြည် တော်လှန်ရေး တပ် (MSRF)၊ YAF၊ ABSDF တပ်ရင်း၁ တို့က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ယင်းစစ်ဆင်ရေးများအတွင်း ဗိုလ်ကြီးတစ်ဦးအပါအဝင် အကြမ်းဖက်စစ်သား ၂၈ ဦးသေဆုံးကာ ၄၀ ဦး ဒဏ်ရာရရှိခဲ့ပြီး ထုတ်နှုတ်အင်အား အကြမ်းဖက် စစ် သားများကို ခြိမ်းခြောက်နိုင်ခဲ့ကြောင်း၊ ဆက်လက် ၍ ရေးမြို့နယ် တောင်ပိုင်း နှင့် မြောက်ပိုင်းကို ထိန်းချုပ်သွားနိုင်ရန် စစ်ရေးအရှိန်မြှင့် ဆောင်ရွက်သွား မည်ဖြ စ်ကြောင်း ဒေါနစစ်ကြောင်းထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article