Khit Thit သတင်းဌာန၏ အောက်တိုဘာ ၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ အောက်တိုဘာ ၅ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
– ရခိုင်ပြည်မှာရှိတဲ့ စစ်တွေဟိုတယ်-ကမ်းခြေက စားသောက်ဆိုင်ခန်း အချို့ကို အကြမ်းဖက် စစ် ကောင်စီ ဝင်တွေက ဒီကနေ့ အောက်တိုဘာလ ၅ ရက်နေ့ မနက်ပိုင်းမှာ အင်အားအလုံးရင်း နဲ့ ဖြိုဖျက်မှု အပေါ် တရား မျှတမှုရဖို့ ဆိုင်ခန်းပိုင်ရှင်တွေက တောင်းဆိုနေကြပါတယ်။
– ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ညောင်ကုန်းကျေးရွာက အမှတ် ၁၀၁၄ BGF စခန်းနဲ့ အကြမ်းဖက် စစ်တပ် စခန်းကုန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေ ဒရုန်းနဲ့ ဗုံးသီး ၂၈ လုံးကျဲချတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်က တပ်ကြပ်ကြီး ကျော်မြင့်ဦး အပါအဝင် ၂ ဦး သေသွားတဲ့အပြင် ၊ ဒဏ်ရာ ရတဲ့သူတွေများသွားတယ်လို့ အမှတ် ၁ မိတ်ဖက်တော်လှန်ရေး တပ်ပေါင်းစု- သထုံခရိုင်ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်ကို ပြောပါတယ်။
– စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ကနေ ထွက်လာတဲ့ အကြမ်းဖက် စစ်တပ် ယာဥ်တန်းရဲ့ ရှေ့ပြေး အဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေ မိုင်းဆွဲ တိုက်ခိုက်ရာမှာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
