36 C
Yangon

ပခုက္ကူမြို့နယ်ရှိ ပျူစောထီးရွာ ၅ ရွာနှင့် စစ်တပ် စခန်းများကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၁၁ ဦး သေဆုံး

Must read

ပခုက္ကူမြို့နယ်ရှိ ပျူစောထီးရွာ ၅ ရွာနှင့် စစ်တပ် စခန်းများကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၁၁ ဦး သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၅

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူခေါင်းဆောင် ဖိုးဇင်အုပ် ချုပ်ထား သော ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူ ၅ ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖမှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စက်တင်ဘာလ ၃၀ ရက်နေ့က ပခုက္ကူမြို့နယ်၊ ရွာသစ်ရွာ၊ တောင်ရွာယာ၊ မြောက်ရွာယာ၊ ရေနံချက်၊ အုပ်ကျောင်း ၊ စုစုပေါင်း ၅ ရွာကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရွာသစ်ရွာ၊ အုပ်ကျောင်းရွာနှင့် ရေနံချက် တို့ကို ယာယီထိန်းသိမ်းနိုင်ခဲ့ပြီး ကျေးရွာအတွင်းရှိ ပြည်သူများအားမိမိတ NUGအစိုးရကို လက်ခံရန်နှင့် ရပ်ကျေး ပ.က.ဖ ၊ ပ.အ.ဖတို့ ဖွဲစည်းရန် အသိပညာပေးဟောပြောပေးခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်သိမ်းပိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မ ၈၈ လက်အောက်ခံ တပ်သား ၁ ဦး၊ ပျူ ၄ ဦးသေဆုံးခဲ့ပြီး ၅ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ် ရေနံဂိတ် ၃ ခုနှင့် ဘန်ကာ ၁ ခုသိမ်းပိုက်နိုင်ခဲ့ကာ ဂျန့်ပါစက်တစ် လုံး၊ တပ်မ ၈၈ လက်အောက်ခံစစ်သား ယူနီဖောင်းများ၊ အီကွေ့ မန့်များ၊ စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းနိုင်ခဲ့ကြောင်း၊ ထို့အပြင် စစ်ကူပေးရန် တက်လာ သည့် စက်လှေ ၅ စီးကို တိုက်ခိုက်ခဲ့ရာ ၃ စီးပျက်စီးခဲ့ပြီး အကြမ်းဖက်စစ်သားများ တပ်ဆုတ်ထွက်ပြေး သွားကြောင်း၊ အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှု မသိရသေးပဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ပခုက္ကူခရိုင် တပ်ရင်း ၈ ၊ မြိုင်-ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(ပ.က.ဖ) တပ်ရင်း၂ တပ်ခွဲ ၁၊ တပ်ခွဲ ၂၊ တပ်ခွဲ ၃ ၊ ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့(မြိုင်)MRGF Salingyi Special Task Force SSTF(ယင်းမာပင်ခရိုင်တပ်ရင်း ၁၄၊ တပ်ရင်း ၁၅) နှင့် Earthquake People’s Defence Force တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် အောက်တိုဘာလ ၁ ရက်နေ့တွင် မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ရွာနောင်ရွာတွင် နေထိုင် သည့် ပျူ‌‌စောထီး ခေါင်းဆောင် ဖိုးဇင်၏ နေအိမ်ကို အီနာဂါဗုးသီ ၆ လုံးချကာ တိုက်ခိုက်ခဲ့ရာ နောက်ဆုံး အကြိမ်တွင် ယာဉ်ငယ်ပါ ဆုံးရှုံးခံပြီး အပိုင်တိုက်ခိုက်ခဲ့ကြောင်း မြိုင်ပကဖမှတာဝန်ရှိသူ တစ်ဦးက ရန် ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

အောက်တိုဘာလ ၂ ရက်နေ့ကလည်း ပခုက္ကူခရိုင်၊ အရာတော်ရေနံမြေရှိ အကြမ်းဖက်စစ်သားများ တပ် စွဲ ထားရာ နေရာကို ဒရုန်းအကြီးဖြင့် အီနာဂါဗုံးသီး အလုံး ၂၀ ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦး သေဆုံးပြီး စက်လှေ ၂ စီးဖြင့် ပုဂံ-ညောင်ဦးဘက်သို့ သယ်ဆောင်သွားကြောင်း သိရသည်။

အောက်တိုဘာ ၃ ရက်နေ့တွင် ပခုက္ကူမြို့နယ်ရှိ ပျူရွာများဖြစ်ကြသည့် တောင်ရွာယာ၊ မြောက်ရွာယာ နှင့် ရေနံချက်ရွာတို့ကို Drone ဖြင့် ဗုံးသီးအလုံး ၄၀-၅၀ ခန့် ကျဲချ တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိ ပြီး အကြမ်းဖက်စစ်သားများ အထိုင်ချရာ ဆိတ်ခဝရွာသို့ ကားများဖြင့် ခေါ်ဆောင်သွားကြောင်း၊ အောက်တို ဘာလ ၄ ရက်နေ့တွင် ဝါဇီ‌ကျေးရွာအနီးရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်ကို အီနာဂါ ဗုံးသီး အ လုံး ၂၀ ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုများကို Myaing U.A.V Fighter Drone တပ်ဖွဲ့၊ Earthquake People Defence Force Drone တပ်ဖွဲ့၊ မြိုင်-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ)Drone တပ်ဖွဲ့၊ Salingyi Special Task Force SSTF Drone တပ်ခွဲ ၊ ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့(မြိုင်) MRGF၊ ပခုက္ကူ ခရိုင် တပ်ရင်း ၈၊ MPL မြိုင် ပကဖ နှင့် တိုက်နယ် ၄ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article