36 C
Yangon

မြိုင်မြို့နယ်၊ ကိုင်းတောမကျေးရွာရှိ ရေစက်စောင့်စစ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၆ ဦးသေဆုံး

Must read

မြိုင်မြို့နယ်၊ ကိုင်းတောမကျေးရွာရှိ ရေစက်စောင့်စစ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၆ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၅

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမကျေးရွာရှိ ရေစက်စောင့် စစ်သားများကို ခြုံခိုတိုက်ခိုက်ခဲ့ရာ အ ကြမ်းဖက်စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

အောက်တိုဘာလ ၃ ရက် နေ့လည် ၁၁ နာရီခွဲခန့်က မြိုင် စက်မှု ၂ သို့ ရေပေးနေသော ကိုင်းတောမ ကျေးရွာ၌ စခန်းချတပ်စွဲပြီး ရေစက်ကိုစောင့်ကာ ပြည်သူများကို ဖမ်းဆီးနှိပ်စက်၊ ခိုးယူဖျက်ဆီးနေ‌ သော အကြမ်းဖက်စစ်သားများကို ခြုံခို၍ ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၆ ဦး ထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း လဲကျသေဆုံးသွားသော အကြမ်းဖက်စစ်သားများ၏ အလောင်းဘေးရှိ သေ နတ်များကို ကောက်ယူသိမ်းဆည်းရန် ကြိုးစားခဲ့ရာ ရဲဘော် ၂ ဦး(မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပြီး အကြမ်း ဖက်စစ်သားများ အင်အား ထပ်မံဖြည့်တင်းလာမှုကြောင့် လက်နက်ကောက်ယူနိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း၊ သေဆုံးဒဏ်ရာရရှိသော အကြမ်းဖက်စစ်သား အလောင်းများနှင့် ဒဏ်ရာရရှိသူများကို အောက်တိုဘာလ ၄ ရက် နံနက်ပိုင်းတွင် Mi 17 ရဟတ်ယာဉ် ဖြင့် လာရောက်သယ်ဆောင်သွားကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုများကို မြိုင် ပကဖ တပ်ရင်း၁ ၊ တပ်ခွဲ ၁ ၊ တပ်ခွဲ ၄ (စင်္ကြာဒေသကာကွယ်ရေးတပ်ဖွဲ့ ၊ ပကဖ တပ်ရင်း ၃ တပ်ခွဲ၁ (ဝံပုလွေ) ၊ MUGDF တပ်ဖွဲ့နှင့် ပခုက္ကူခရိုင် တပ်ရင်း ၂ တို့ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article