23.7 C
Yangon

ဆားလင်းကြီးတွင် စစ်တပ်က ပြည်သူ ၁ ဦးကို သတ်ဖြတ်ပြီး ကျေးရွာအတွင်းရှိ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူကာ ခြိမ်းခြောက်သော စာများ ရေးသားခဲ့

Must read

ဆားလင်းကြီးတွင် စစ်တပ်က ပြည်သူ ၁ ဦးကို သတ်ဖြတ်ပြီး ကျေးရွာအတွင်းရှိ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူကာ ခြိမ်းခြောက်သော စာများ ရေးသားခဲ့

ရန်ကုန်၊ အောက်တိုဘာ ၆

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၁ ဦးကို သတ်ဖြတ်ပြီး ကျေးရွာအတွင်းရှိ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူကာ ခြိမ်းခြောက်သော စာများ ရေးသားခဲ့ကြောင်း အညာပစ်တိုင်းထောင်လေးများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၃ ရက်နေ့တွင် ဆားလင်းကြီးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်က ဆိုင်ကယ်စီးလာသည့် အသက် ၃၀ အရွယ် အမျိုးသား ၁ ဦးကို မတောင်းတကျေးရွာ အနီးတွင် စစ်သားများက ဖမ်းဆီး သတ်ဖြတ်ပြီး ရုပ်အလောင်းကို လမ်းဘေးတွင် စွန့်ပစ်ခဲ့ကြောင်း သိရသည်။

ထို့နောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရွှေသမင်ရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး TV ၉ လုံး ၊ ဆန် ၄၈ လုံး ၊ သေတ္တာ ၂ လုံး ၊ မောင်းဆီ ၁ ပေပါ ၊ စားဆီ ၂၇ ပိဿာ ၊ အဝတ်အစားများ ၊ သိုး ဆိတ် ၇ ကောင်သတ်စားသွား ၊ ၁ ကျပ်သားရှိ ရွှေကြိုး ၁ ခု ၊ ၅ မတ်သားရှိ ရွှေလက်စွပ် ၂ ခု ၊ ငွေကျပ် ၇ သိန်း၊ ရွှေလက်ကောက် ၈ ခု ၊ ရွှေလက်စွပ် ၃ ခု ၊ ငွေ ၁၃ သိန်းနှင့် ဆိတ် သိုး ၂ ကောင် တို့ ယူဆောင်သွားကြောင်း သိရသည်။

” စစ်ခွေးတွေက ပြည်သူ ၁ ဦးကို သတ်ဖြတ်ပြီး မတောင်းတကျေးရွာနားမှာ ရုပ်အလောင်းကို စွန့်ပစ်သွားတယ်။ အဲစစ်ခွေး စစ်ကြောင်းက ရွှေသမင်ရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းများကိုလည်း တွေ့သမျှ အကုန်ယူသွားတယ်။ ရွာထဲမှာလည်း ခြိမ်းခြောက်သွားတွေ ရေးသွားတယ်” ဟု အညာပစ်တိုင်းထောင်လေးများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရွှေသမင်ရွာ၌ “မကြာတော့ဘူး မျက်ဝါးထင်ထင် ပြာပုံမြင်ရတော့မယ်” ဟု ခြိမ်းခြောက်စာများလည်း ရေးသားခဲ့ကြောင်း သိရသည်။

Photo – အညာပစ်တိုင်းထောင်လေးများ အဖွဲ့

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article