Khit Thit သတင်းဌာန၏ အောက်တိုဘာ ၇ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ အောက်တိုဘာ ၇ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် အကြမ်းဖက်စစ်ကောင်စီက မတရား အမှုဆင် ပြစ်ဒဏ်ချမှတ်ထားသော အမှု ၆ မှုအတွက် အထူးအယူခံမှုတွေကို စစ်ကောင်စီ တရားရုံးချုပ်က အောက်တိုဘာလ ၆ ရက်နေ့မှာ ပယ်ချလိုက်ပါတယ်။
– စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်၊ မော်တိတ်ဒေသ၊ သောင်ကြီးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားပြီး အကြမ်း ဖက်စစ်တပ်ဘက်က အရာရှိ ၂ ဦးအပါအဝင် ၅ ဦးသေဆုံးခဲ့တယ်လို့ အင်းတော် Revolution – IR ဆီကနေ သိရပါတယ်။
– တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က ဆန်သယ်ခွင့်ကန့်သတ်မှု ပိုမိုတင်းကျပ် ထားတာကြောင့် ဆန်ဈေးမြင့်တက်ပြီး ဆန်ပြတ်လပ်နေ တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
