25 C
Yangon

ကလေးမြို့နယ်၊ တောင်ပိုင်း စက္ကန့်ရွာဘက်သို့ စစ်တပ်က စစ်ကြောင်း ထိုးနေပြီး နေအိမ် ၂ လုံးကို မီးရှို့၊ လက်နက်ကြီးများဖြင့် စစ်တပ်က ဆက်တိုက်ပစ်ခတ်နေ

Must read

ကလေးမြို့နယ်၊ တောင်ပိုင်း စက္ကန့်ရွာဘက်သို့ စစ်တပ်က စစ်ကြောင်း ထိုးနေပြီး နေအိမ် ၂ လုံးကို မီးရှို့၊ လက်နက်ကြီးများဖြင့် စစ်တပ်က ဆက်တိုက်ပစ်ခတ်နေ

ရန်ကုန်၊ အောက်တိုဘာ ၇

စစ်ကိုင်းတိုင်း ကလေးမြို့နယ်၊ တောင်ပိုင်း စက္ကန့်ရွာဘက်သို့ အကြမ်းဖက် စစ်တပ်က ယနေ့ အောက်တိုဘာ ၇ ရက်နေ့ နံနက် အစောပိုင်းမှ စ၍ စစ် ကြောင်းစထိုးနေပြီး ရွာစွန်ရှိ နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်း မဝင်ရောက်မီ အောက်တိုဘာ ၆ ရက်နေ့ ညပိုင်းမှ စ၍ ဖုန်းလိုင်းများကို ဖြတ်တောက်ထားခဲ့ကြောင်း၊ ယနေ့နံနက်ပိုင်း တွင်လည်း အကြမ်းဖက်စစ်တပ်၏ မြို့တွင်း အမြောက်တပ်က တောင်ပိုင်းသို့ လက်နက်ကြီးများနှင့် ဆက်တိုက်ပစ်ခတ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

“ည ၁၀ နာရီက အော်ရီဒူး စဖြတ်တယ်။ ၁၂ လောက်ကျ MPT ကို ဖြတ်တယ်။ ခုမနက် ၁၀ နာရီ ၄၀ လောက်မှ MPT ၊ အော်ရီဒူး လိုင်းပြန်ပွင့်လာတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းထိုးနေမှုကြောင့် စက္ကန့်ရွာနှင့် အင်တိုင်း ကုန်းရွာရှိ ပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article