26 C
Yangon

ရန်ကုန်ရှိ စက်သုံးဆီဆိုင်များတွင် ဓာတ်ဆီကို ခွဲတမ်းဖြင့်ရောင်းချနေပြီး ဆီ ၂ သောင်းဖိုးရရှိရန် တစ်နာရီကြာ တန်းစီရ

Must read

ရန်ကုန်ရှိ စက်သုံးဆီဆိုင်များတွင် ဓာတ်ဆီကို ခွဲတမ်းဖြင့်ရောင်းချနေပြီး ဆီ ၂ သောင်းဖိုးရရှိရန် တစ်နာရီကြာ တန်းစီရ

ရန်ကုန်၊ အောက်တိုဘာ ၇

ရန်ကုန်မြို့ရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် ဓာတ်ဆီများကို ဆီဆိုင်များက ခွဲတမ်းဖြင့် ရောင်းချနေရပြီး ဆီ ၂ သောင်းဖိုး ဝယ်ယူရန် တစ်နာရီကြာ စောင့် ဆိုင်းတန်းစီရကြောင်း ရန်ကုန်မြို့မှ ပြည်သူများက ပြောဆိုကြသည်။

“နေ့လယ်က ဓာတ်ဆီပတ်ထည့်နေတာ။ ဘယ်ဆိုင်မှမရဘူး။ ညနေရောက် တော့မှ ဆီ ၂ သောင်းဖိုးရဖို့ တစ်နာရီလောက် တန်းစီလိုက်ရတယ်။ ဗဟန်း ဆရာစံနားက Max ဆိုင်က ဓာတ်ဆီ 95 ကုန်နေတယ်ပြောတယ်။ မရောင်းဘူး။ 92 ဓာတ်ဆီကို ၂ သောင်းဖိုးပဲ ကားတစ်စီးကို ရောင်းပေးတယ်။ တစ်နာရီ ကြာ တန်းစီပြီးမှ ဆီကုန်သွားလို့ မရခဲ့ဘူး။ နောက်တစ်ခါ တာမွေက Max ဆိုင် ကားအ၀င်ကိုပိတ်ထားတယ်။ မြတ်မေတ္တာမွန်MMTM မှာတော့ ကားတစ်စီး ၂ သောင်းဖိုးပဲရောင်းပေးလို့ အချိန်အတော်ကြာ တန်းစီပြီးမှ ရခဲ့တယ်” ဟု ရန်ကုန်မြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်များတွင် ဓာတ်ဆီ ဝယ်ယူနိုင်ရေး အတွက် ကားများ တန်းစီ စောင့်ဆိုင်းနေရကြောင်း သိရှိရသည်။

“မနေ့ညပိုင်းက ဆီဆိုင်တွေတော်တော်များများ မှာ 92 ၊ 95 ကုန်နေပြီ ဆိုပြီး တော့ ပြောတယ်။ 92 ရောင်းပေးတဲ့ ဆိုင်မှာ ကားတွေ တန်းစီနေတာပဲ ။ ကိုယ့်ရှေ့မှာ ကား စီရေ ၁၀၀ လောက်ကို ထိုင်စောင့်လိုက်ရတယ်။ မီးကပြတ်၊ ဆီဆိုင်တွေမှာ ကားတွေက တန်းစီနေကြရတယ်။ ဒီကောင်တွေ လက်ထက် ကျမှ ဒီလိုမျိုးတွေ မကြာခဏ ဆိုသလို ဖြစ်နေတာ။ ဘာမဆို အကုန်တိုး တန်းစီ နေရတယ်။ စားအုန်းဆီ လည်း တန်းစီနေရတယ်” ဟု အငှားယာဉ် မောင်းတစ်ဦးက ပြောဆိုသည်။

ဓာတ်ဆီစျေးနှုန်းများ ကျဆင်းလာသည့်အတွက် ဆီဆိုင်များက ကျစျေးဖြင့် ဆီများ အရှုံးခံမရောင်းတော့ဘဲ ဆီကုန်ပြီဟုဆိုကာ ဆီအရောင်းပိတ်ခြင်းများ ရှိလာကြောင်း ရန်ကုန်မြို့ ပြည်သူတချို့က ဆိုကြသည်။

“ဓာတ်ဆီစျေးက တစ်လီတာကို ငွေကျပ် ၂၀၀၀ အောက်ကျလာတယ်။ အဲဒီမှာ ဆီဆိုင်တွေက ရောင်းမပေးတော့ဘူး။ ကျစျေးနဲ့ဆိုတော့ သူတို့ ရှုံးလို့ထင်တယ်။ ဆိုင်တော်တော်များက ဆီကုန်ပြီဆိုပြီး လုပ်တော့ ရှိတဲ့ ဆိုင်မှာ ကားတွေ တန်းစီနေရတာ။ အခု 92 တစ်လီတာကို ၁၉၄၅ ကျပ် ရှိတယ်” ဟု ရန်ကုန်မှ

အဝေးပြေး စီးလုံးငှားယာဉ်ပြေးဆွဲရေး လုပ်ကိုင်သူတစ်ဦးက ရှင်းပြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article