25 C
Yangon

ဘန်ကောက်ပစ်ခတ်မှုတွင် သေဆုံးသူ မမိုးမြင့်၏ မိခင် ဒေါ်ခင်ဝင်း ကို ပစ်ခတ် သူ သေနတ် သမား ၏ ဖခင်က ရှိခိုးတောင်းပန်၊ ကံတရားအပေါ်ပုံချပြီး သားသမီးချင်း ကိုယ်ချင်းစာနာ၍ နားလည်ခွင့်လွှတ်ဟု မိခင်ဒေါ်ခင်ဝင်းပြော

Must read

ဘန်ကောက်ပစ်ခတ်မှုတွင် သေဆုံးသူ မမိုးမြင့်၏ မိခင် ဒေါ်ခင်ဝင်း ကို ပစ်ခတ် သူ သေနတ် သမား ၏ ဖခင်က ရှိခိုးတောင်းပန်၊ ကံတရားအပေါ်ပုံချပြီး သားသမီးချင်း ကိုယ်ချင်းစာနာ၍ နားလည်ခွင့်လွှတ်ဟု မိခင်ဒေါ်ခင်ဝင်းပြော

■ ကွယ်လွန်သူ မမိုးမြင့်ကို ထိုင်းအစိုးရ အစီအစဉ်ဖြင့် ယနေ့ သဂြိုလ်ပြီ

ရန်ကုန် | အောက်တိုဘာ ၈

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်က ဆီယမ်ပါရာဂွန် (Siam Paragon) စျေး ဝယ် စင်တာအတွင်း သေနတ်ပစ်ခတ်မှုမှာ သေဆုံးသွားခဲ့ရသူ မမိုးမြင့်၏ မိခင် ဒေါ်ခင်ဝင်းကို ပစ်ခတ်သူ ဆယ်ကျော်သက်အရွယ် သေနတ်သမားရဲ့ မိဘ တွေက ထိုင်းမီဒီယာတွေ ရှေ့မှောက်မှာ ယမန်နေ့က တောင်းပန်ခဲ့ပါတယ်။

ဆယ်ကျော်သက် သေနတ်သမားရဲ့ ဖခင်ဖြစ်သူက သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးသွားသူ မြန်မာလူမျိုး မမိုးမြင့်ရဲ့ ဈာပနအခမ်းအနားကျင်းပမယ့် ဘန် ကောက် နထွန်ဘူရီ က ဘုန်းကြီးကျောင်းမှာ အခုလို တောင်းပန် ခဲ့တာဖြစ်ပါတယ်။

ကွယ်လွန်သူ မမိုးမြင့်၏ မိခင် ဒေါ်ခင်ဝင်းက သားသမီးချင်း ကိုယ်ချင်းစာ နားလည်ပြီး သေနတ်သမား သားအတွက် ပူဆွေးသောက ရောက်နေမှာကို သိရှိကြောင်း၊ ကံတရားကိုသာ အပြစ်ပုံချပြီး နားလည်ခွင့်လွှတ်ကြောင်း သေနတ်သမား၏ ဖခင်ဖြစ်သူကို ပြောဆိုခဲ့ပါတယ်။

သေနတ်ပစ်ခတ်ခံခဲ့ရလို့ သေဆုံးသွားသူ မမိုးမြင့်ရဲ့ ဈာပနအခမ်းအနားကို ဒီကနေ့ (အောက်တိုဘာလ ၈ရက်)မှာ ဘန်ကောက်မြို့ က ဝတ်ဖာဆက် ဘုန်းကြီး ကျောင်းမှာကျင်းပမှာဖြစ်ပြီး မိသားစုဝင်တွေ တက်ရောက်ဖို့ ရှိနေ ပါတယ်။

သေနတ်သမားရဲ့ မိဘတွေကတော့ သူတို့အနေနဲ့ သူတို့သားဖြစ်သူ ကျူးလွန် ခဲ့တဲ့ အမှုကိစ္စအတွက် တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းစဉ်တွေမှု အာဏာပိုင် တွေနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်နေတယ်လို့ စာထုတ်ပြန်ထားပါတယ်။

ပစ်ခတ်မှုကို ကျူးလွန်ခဲ့တဲ့ လူငယ်ဟာ အသက်၁၄နှစ်အရွယ်သာရှိသေးတဲ့ လူငယ်တဦးဖြစ်‌ပြီး သူဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြ ဿနာရှိ နေသူတဦးဖြစ်တယ်လို့လည်း ထိုင်းသတင်းဌာနတွေရဲ့ ဖော်ပြမှုက ဆိုပါတယ်။

ထိုင်းရဲတပ်ဖွဲ့ ကျူလွန်သူ လူငယ်ကို လက်ရှိမှာ ပုဒ်မ ၅ခုနဲ့ တရားစွဲဆို ထား သလို သေနတ်ရောင်းချသူ ၃ဦးကိုလည်း ဖမ်းဆီးစစ်ဆေး တာတွေ လုပ် ဆောင် နေပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၃ရက် အင်္ဂါနေ့က ဘန်ကောက်မြို့က လူစည်ကားရာ ဆီယမ်ပါ ရာဂွန် စျေးဝယ်စင်တာမှာ သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့လို့ မြန်မာ နိုင်ငံသား ရွှေ့ပြောင်းလုပ်သား အမျိုးသမီးတဦးနဲ့ တရုတ်ခရီးသွား အမျိုးသမီး တဦးတို့ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article