34 C
Yangon

အစ္စရေးဂီတပွဲတော် တက်ရောက်နေသည့် ပရိတ်သတ် ၂၆၀ ဦးအလောင်းများ တွေ့ရှိရပြီး ဟားမတ်စ်တို့က အများအပြားကို ဓားစာခံ ဖမ်းဆီး၊ နှစ်ဖက် သေ ဆုံး မှု ၁၁၀၀ ကျော်ပြီး ဒဏ်ရာရသူ ထောင်ပေါင်းများစွာရှိလာ

Must read

အစ္စရေးဂီတပွဲတော် တက်ရောက်နေသည့် ပရိတ်သတ် ၂၆၀ ဦးအလောင်းများ တွေ့ရှိရပြီး ဟားမတ်စ်တို့က အများအပြားကို ဓားစာခံ ဖမ်းဆီး၊ နှစ်ဖက် သေ ဆုံး မှု ၁၁၀၀ ကျော်ပြီး ဒဏ်ရာရသူ ထောင်ပေါင်းများစွာရှိလာ

■ အမေရိကန်နိုင်ငံသား ၄ ဦးလည်း သေဆုံးခဲ့ပြီး သေဆုံးမှု အရေအတွက် ဆက်လက်မြင့်တက်ဖွယ်ရှိနေ

ရန်ကုန်၊ အောက်တိုဘာ ၉

အရှေ့အလယ်ပိုင်းဒေသ အစ္စရေး-ဂါဇာနယ်စပ်တွင် ဟားမတ်စ်တို့၏ ပစ်ခတ် တိုက်ခိုက်မှု ကြောင့် အစ္စရေး ဂီတပွဲတော် တက်ရောက်နေသော အပြစ်မဲ့ အရပ် သား ပရိသတ်တို့၏ ရုပ်အလောင်း ၂၆၀ ခန့်ကို တွေ့ရှိခဲ့ရကြောင်း ကယ်ဆယ် ရေး အဖွဲ့က ပြောကြားသည်။

အောက်တိုဘာလ ၇ ရက်နေ့ ဟားမတ်စ်တို့၏ တိုက်ခိုက်မှုကြောင့် အလောင်း ၂၆၀ ထက်မနည်းကို အစ္စရေး ဂီတပွဲတော်ကျင်းပရာနေရာ၌ ရှာဖွေတွေ့ရှိ ခဲ့ကြောင်း အစ္စရေးကယ်ဆယ်ရေးဝန်ဆောင်မှု Zakaက ပြောကြားခဲ့သည်။

ဂါဇာ-အစ္စရေးနယ်စပ်အနီး ကျေးလက်တောရွာတစ်ခုတွင် ကျင်းပနေသည့် ဂီတ ပွဲတော်ကို ဟားမတ်စ်သေနတ်သမားများက ဝင်ရောက်စီးနင်း ပစ်ခတ် ခဲ့ပြီး အများအပြားကို ဓားစာခံအဖြစ် ဖမ်းဆီးသွားကြောင်း၊ အမေရိကန်၊ ဥရောပ သမဂ္ဂနှင့် အစ္စရေးတို့က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ် ထားသော ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့က စနေနေ့မှစတင်၍ ဒုံးကျည် ၄၀၀၀ ခန့် ပစ်ခတ်တိုက်ခိုက်ပြီး မြေပြင်တွင်လည်း ရာပေါင်းများစွာသော ဟားမတ်စ် တိုက်ခိုက်ရေးသမားများက အစ္စရေးနိုင်ငံထဲသို့ ဝင်ရောက်ပြီး ပစ်ခတ်တိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့သည်။

အောက်တိုဘာလ ၇ ရက်နေ့ ဟားမတ်စ်တို့၏ တိုက်ခိုက်မှုကြောင့် အစ္စရေး နိုင်ငံ သား ၇၀၀ ကျော်သေဆုံးခဲ့ပြီး အစ္စရေး၏ လက်တုံ့ပြန် တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၄၀၀ ကျော်သေဆုံးခဲ့ကာ ထောင်ပေါင်းများစွာ ဒဏ်ရာရရှိ ထားကြောင်း သိရှိရသည်။

လက်ရှိတွင် အမေရိကန်နိုင်ငံသား ၄ ဦးလည်း တိုက်ခိုက်မှုများတွင် သေဆုံးခဲ့ပြီး အမေရိကန်နိုင်ငံသားသေဆုံးမှု အရေအတွက် ဆက်လက်မြင့်တက်ဖွယ်ရှိနေ ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဂီတပွဲတော်ကို ဟားမတ်တို့က တိုက်ခိုက်သဖြင့် အစ္စရေး ပြည်သူများ ထွက်ပြေးနေကြရစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article