25 C
Yangon

ထားဝယ်ရှိ စစ်တပ်နှင့် တရုတ် နိုင်ငံသားပိုင် ကုမ္ပဏီတို့ ပူးပေါင်း လုပ်ကိုင်ခဲ့သည့် သတ္တုတူးဖော်ရေးလုပ်ငန်းခွင်ကို ကော်သူးလေတပ်မတော်က မီးရှို့ ရှင်းလင်း

Must read

ထားဝယ်ရှိ စစ်တပ်နှင့် တရုတ် နိုင်ငံသားပိုင် ကုမ္ပဏီတို့ ပူးပေါင်း လုပ်ကိုင်ခဲ့သည့် သတ္တုတူးဖော်ရေးလုပ်ငန်းခွင်ကို ကော်သူးလေတပ်မတော်က မီးရှို့ ရှင်းလင်း

ရန်ကုန်၊ အောက်တိုဘာ ၉

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ အရှေ့တောဒေသရှိ အကြမ်းဖက် စစ်တပ်နှင့် တရုတ်နိုင်ငံသားပိုင် ကုမ္ပဏီတို့ပူးပေါင်း လုပ်ကိုင်ခဲ့သည့် သံသတ္တု မိုင်းလုပ်ငန်းခွင်တစ်ခုကို ကော်သူးလေတပ်မတော်က မီးရှို့ရှင်းလင်းခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

အောက်တိုဘာလ ၇ ရက်နေ့တွင် ထားဝယ်မြို့နယ်၊ အရှေ့တောဒေသ၊ ဟိန္ဒားကျေးရွာအုပ်စု၊ ဖွတ်လက်တိုရွာ ချောင်းဖျားရှိ တောင်ပိုင်း ကမ္ဘာကုမ္ပဏီမှ လုပ်ဆောင်နေသော အလတ်စား သတ္ထုတူးဖော်ရေး လုပ်ကွက်တစ်ခုအတွင်းရှိ ကုမ္ပဏီအဆောက်အအုံနှင့် ကားများကို ဗိုလ်အယ်ခွီးဦးဆောင်သော ကော်သူး လေတပ်မတော် – KTLA တပ်ဖွဲ့က မီးရှို့ ရှင်းလင်းခဲ့ကြောင်း သိရသည်။

ယင်းသံသတ္တုမိုင်းလုပ်ငန်းခွင်သည် ၂၀၁၉ ခုနှစ်မှ၂၀၃၀ ခုနစ်အထိ အလတ်စားသတ္တုတူးဖော်ခွင့်ရ ထားသည့် လုပ်ငန်းခွင်တစ်ခုဖြစ်ပြီး ဒေသခံများမှ ဖိုးလမိုင်းဟု ခေါ်ဆိုကြောင်း၊ ယင်းဒေသတွင် လုပ် ကိုင်နေသော အကြီးစားအလတ်စား၊ သတ္တုမိုင်းလုပ်ငန်းအားလုံးသည် အကြမ်းဖက် စစ်ကောင်စီနှင့် ပတ်သက်မှုရှိပြီး KNLA တပ်မဟာ ၄ မှလည်း ပုံမှန်အခွန်ကောက်ခံမှုများရှိကြောင်း သိရသည်။

ယင်းသတ္တုလုပ်ငန်းခွင်သည် ၂၀၂၀ ခုနှစ်မှစ၍ အလုပ်သမား ၂၀၀ ဝန်းကျင်ဖြင့် မိုင်းတွင်း ၂ ခု၊ ၃ ခု ခန့် တူးထားပြီး လုပ်ငန်းခွင်သက်တမ်းမကုန်ဆုံးသေးသော်လည်း နယ်မြေလုံခြုံရေး အခြေအနေကြောင့် ကုမ္ပဏီတာဝန်ရှိသူများမှ လုပ်ငန်းရပ်နားကာ အစောင့်သာထားခဲ့ပြီး ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်း မှစ၍ ပြောင်းရွှေ့ထွက်ခွာသွားကြောင်း သိရသည်။

အဆိုပါ သတ္ထုမိုင်းလုပ်ကွက်မှ ထွက်ရှိလာသော ကျောက်တုံး၊ ကျောက်ခဲ၊ မြေစွာစွန့်ပစ်မှုများကြောင့် ချောင်းရေ တိမ်ကောကာ ဒေသနေပြည်သူများ၏ ဥယျာဉ်ခြံမြေများလည်း ပျက်စီးခဲ့ကြောင်း၊ ပြီးခဲ့ သည့်လပိုင်းက လက် လုပ်လက်စား သတ္တုလုပ်ကိုင်သူ ဒေသနေပြည်သူများလာရောက်စဉ် ကော်သူး လေတပ်မတော်မှ ခွင့်ပြု ပေးခဲ့ထားသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဇွန်လကလည်း အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ အမြန်ဆုံးအကောင်အထည်ဖော်ရန် ညွှန်ကြားခဲ့သည့် ထားဝယ်မြို့နယ်၊ ဖောင်းတောရွာအနီးရှိ ရေအား လျှပ်စစ်စီမံကိန်းဟောင်းအတွင်းရှိ အဆောက်အအုံ၊ စက်ပစ္စည်းနှင့် ဘတ်ဖိုးများကို ကော်သူးလေတပ်မ တော်ကမီးရှို့ဖျက်ဆီးခဲ့သေးသည်။

(The Tanintharyi Times သည် ရန်ကုန်ခေတ်သစ်မီဒီယာ၏ မိတ်ဖက်သတင်းဌာနဖြစ်သည်။)

Photo – မိုင်းလုပ်ငန်းခွင်ရှိ အဆောက်အအုံနှင့် ယန္တရားများကို KTLA တပ်ဖွဲ့ဝင်များက မီးရှို့ ရှင်းလင်းနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article