25 C
Yangon

မင်းလှမြို့နယ်တွင် တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်သား ၂ ဦး သေဆုံး

Must read

မင်းလှမြို့နယ်တွင် တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်သား ၂ ဦး သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၀

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၄ ရက်နေ့တွင် မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမ အတွင်းရှိ မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်လမ်း ဟိုင်းယုလမ်းဆုံမှ တက်လာသည့် အင်အား ၄၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်း နှင့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ တို့ အင်တိုင်းကုန်း၌ နံနက် ၁၀ နာရီခန့်တွင် ၁ ကြိမ်၊ အရှေ့ကုန်း၌ နံနက် ၁၁ နာရီခန့်တွင် ၁ ကြိမ် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲ ၂ ကြိမ်အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၈၀ မမ၊ ၁၂၀ မမ လက်နက်ကြီးများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ အင်တိုင်းကုန်း၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်သား ၂ ဦးသေဆုံးခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေက ပြည်သူတွေကို လူသားဒိုင်းအနေနဲ့ ဖမ်းပြီး တပ်ဆုတ်သွားတယ်။ စစ်ခွေးတွေ အထိနာနေတဲ့အတွက် ကျွန်တော်တို့ တပ်ဖွဲ့ကို ဒရုန်းနဲ့ ဂျက်လေယာဥ်လဲ ဝဲပြီး ကင်းထောက်တာတွေလုပ်နေလို့ နောက်ကျသတင်းအနေနဲ့ ထုတ်ပြန်ရတာ စစ်ခွေး လူသားဒိုင်း အဖြစ် ဖမ်းသွားတဲ့ သူတွေ မနေ့က ပြန်လွတ်တယ်ကြားတယ်”ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် ရိုးမအတွင်းရှိ ကျေးရွာများမှ ပြည်သူပိုင် ပစ္စည်းများကို အကြမ်းဖက် စစ်သားများက ခိုးယူသွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article