ကနီမြို့တွင် မိုးကြီးရေလျှံကာ မြေပြိုမှုဖြစ်ပွားပြီး နေအိမ် တချို့ ရေထဲမျောပါသွားကာ အကူအညီများ လိုအပ်နေ
ရန်ကုန်၊ အောက်တိုဘာ ၁၃
စစ်ကိုင်းတိုင်း၊ ကနီမြို့တွင် မိုးကြီးရေလျှံကာ မြေပြိုမှုဖြစ်ပွားပြီး နေအိမ် တချို့ ရေထဲမျောပါသွားကာ အကူအညီများ လိုအပ်လျက်ရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အောက်တိုဘာလ ၁၂ ရက်နေ့က ကနီမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းခြင်းကြောင့် ရေလျှံကာ မြေပြိုမှုဖြစ်ပွားပြီး နေအိမ် တချို့ ရေထဲမျောပါသွားကာ အကူအညီများ လိုအပ်နေလျက်ရှိကြောင်း သိရသည်။
” မြေပြိုပြီး လမ်းတွေလည်း ပျက်စီးသွားတယ်။ အဓိကဖြစ်တာက အမှတ် ၃ ရပ်ကွပ်နဲ့ အမှတ် ၁ ရပ်ကွက်မှာ လမ်းပိုင်းတွေ တော်တော် ပျက်စီးသွားပြီး နေအိမ် တချို့ထဲ မျောပါသွားတယ်။ အကူအညီတွေ လိုအပ်နေတယ်” ဟု ပြည်သူ တစ်ဦးက ပြောဆိုသည်။
![](https://yktnews.com/wp-content/uploads/2023/10/387815034_680629290831347_6233958663507017302_n.jpg)
![](https://yktnews.com/wp-content/uploads/2023/10/387821002_680629247498018_9145730822545877587_n.jpg)