25 C
Yangon

ကလေးမြို့ရှိ အင်တိုင်းကုန်းရွာကို စစ်တပ်က မီးရှို့ ဖျက်ဆီး

Must read

ကလေးမြို့ရှိ အင်တိုင်းကုန်းရွာကို စစ်တပ်က မီးရှို့ ဖျက်ဆီး

ရန်ကုန်၊ အောက်တိုဘာ ၁၃

စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ အင်တိုင်းကုန်းရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာ ၁၃ ရက်နေ့ နံနက်ပိုင်း၌ အကြမ်းဖက် စစ်တပ်က အင်တိုင်းကုန်းရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေက နံနက်ပိုင်းကစပြီး မီးရှို့နေတာ။ ရွာထဲမှာတော့ ပြည်သူတွေ မရှိတော့ဘူး။ စစ်ရှောင်နေကြပြီ ပြည်သူတွေက စနေနေ့တည်းက စပြီးရှောင်နေကြတာ”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက် စစ်တပ်သည် အောက်တိုဘာ ၇ ရက်နေ့က စတင်ပြီး စက္ကန့်ရွာကို စစ်ကြောင်းထိုး ဝင်ရောက် တပ်စွဲပြီး စက္ကန့်ရွာနှင့် အင်တိုင်းကုန်းရွာတို့ကို ဝင်ရောက်မီးရှို့ ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article