25 C
Yangon

မုံရွာမြို့နယ်ရှိ တောပုရွာမှ ပျူစောထီးများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ စစ်ကိုင်းမြို့နယ်တွင် စျေးထွက်ဝယ်သည့် ပျူစောထီးယာဥ်တန်းကို တိုက်ခိုက်မှု ၁ ဦးသေဆုံး

Must read

မုံရွာမြို့နယ်ရှိ တောပုရွာမှ ပျူစောထီးများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ စစ်ကိုင်းမြို့နယ်တွင် စျေးထွက်ဝယ်သည့် ပျူစောထီးယာဥ်တန်းကို တိုက်ခိုက်မှု ၁ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၄

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာမှ ပျူစောထီးများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပျူစော ထီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း မုံရွာခရိုင် တပ်ရင်း ၂၃ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

အောက်တိုဘာလ ၁၂ ရက် ည ၈ နာရီခွဲခန့်က မုံရွာမြို့နယ်၊ တောပုရွာရှိ ပျူစောထီးများကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး လက်လုပ် ၆၀ မမ လက်နက်ကြီး ၁၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူ စောထီး ၃ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်းအမှတ် ၂၃ ၊ မုံရွာမြို့နယ်၊ တိုက်နယ် ၃ ပကဖ၊ မုံရွာခရိုင် တပ် ရင်း ၁၂ တပ်ခွဲ ၂ ကနောင်မင်းသားကြီး ၊ မုံရွာခရိုင်တပ်ရင်း ၅ ၊ ဗန္ဓုလနှင့်ညီနောင်များ LDF၊ Special Force 11 People’s Defence Force၊ Black Falcons People’s Defence Force၊ ကမျဉ်းမနီ ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့နှင့် စေတန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

မုံရွာခရိုင်တပ်ရင်းအမှတ် ၂၃ အနေဖြင့် တိုက်ပွဲများ ဆက်လက်ဖော်ဆောင်နိုင်ရန် လက်နက် ၊ ခဲယမ်းနှင့် တပ်ဖွဲ့ဝင် ရဲဘော်ညီနောင်များ စားနပ်ရိက္ခာဝယ်ယူဖြည့်တင်းရေးတို့ လိုအပ်လျက်ရှိပြီး မိဘပြည် သူများ ၏ ကူညီထောက်ပံ့မှုများ လိုအပ်လျက်ရှိကြောင်း ကူညီထောက်ပံ့ပေးအပ်လိုသော မိဘ ပြည်သူများ အ နေဖြင့် KBZ Pay၊ Wave money တို့ဖြင့် ၅၀၀၊ ၁၀၀၀ ကျပ်မှစတင်၍ ကူညီထောက်ပံ့နိုင်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်း-ရွှေဘိုလမ်းနှင့် ကြွယ်ပုံကျေးရွာချင်းဆင်းလမ်းပေါ်တွင် ရိက္ခာဝယ်ပြီး ပြန်လာသော ပျူကား တစ်စီးကို မိုင်းဆွဲ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပျူစောထီး တစ်ဦးသေဆုံးခဲ့ ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အောက်တိုဘာလ ၁၂ ရက်နေ့က စစ်ကိုး စစ်ကိုင်းမြို့ပေါ်မှ ရိက္ခာဝယ်ပြီး ကြွယ်ပုံကျေးရွာကို ပြန်လာသည့် ကားတစ်စီးကို မိုင်း ၆ လုံးဆွဲကာ တိုက်ခိုက်ခဲ့ရာ ပျူစောထီးတစ်ဦး သေဆုံးခဲ့ကြောင်း၊ ထို့နောက် ကင်းပုန်းဝပ်နေသော ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးသီး ၃ လုံး ကျဲတိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းမိကာ ပျက်စီးသွားသော ကားကို နောက်တစ်နေ့၌ စစ်သားများနှင်အတူ လာရောက်ဆွဲယူစဉ် ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သားနှင့် ပျူစောထီးများ ထိခိုက် သေဆုံးမှု အရေအတွက် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“စစ်ကိုင်း-ရွှေဘိုလမ်းကနေ ကြွယ်ပုံရွာထဲဝင်တဲ့လမ်းမပေါ် မှာ တိုက်ခိုက်ခဲ့တာပါ၊ မိုင်းမိပြီး တစ်ဦး သေတယ်လို့ သိရတယ်၊ မိုင်းမိပြီး ပျက်သွားတဲ့ကားကို နောက်နေ့မှ စစ်သားတွေခေါ်ပြီး လာဆွဲသွားတာ ပါ။ ကားလာဆွဲတဲ့အချိန်မှာလည်း မိုင်းတွေ ထပ်မိသေးတယ်၊ ထိခိုက်မှုတော့မသိရသေးပါဘူး၊ လင်းတ လူးရွာက ဆိတ်ကျောင်းနေတဲ့ ပြည်သူ နှစ်ဦးကို မဆီမဆိုင် ပစ်သွားပါတယ်” ဟု ယူနီကွန်းပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို Phoenix SGG ၊ Royal Faclon ၊ Fight for Federal ၊ Unicom Guerilla Force နှင့် စစ်ကိုင်းခရိုင် တပ်ရင်း ၇ တို့ပူးပေါင်းကာ စစ်ကိုင်းခရိုင်ပကဖမှ ထုတ်လုပ် သော မိုင်း၊ ဗုံးသီးများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article