25 C
Yangon

တနင်္သာရီရှိ စစ်တပ် ဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး၊ ရေဦးမြို့ရှိ စစ်တပ် စခန်းများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၈ ဦးသေဆုံး

Must read

တနင်္သာရီရှိ စစ်တပ် ဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး၊ ရေဦးမြို့ရှိ စစ်တပ် စခန်းများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၈ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၄

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တမုတ်ချုံရွာအနီး၌ တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ် သား ၃ ဦးသေဆုံးသေဆုံးခဲ့ကြောင်း မြိတ်ခရိုင် တပ်ရင်း ၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ အောက်တိုဘာလ ၁၄ ရက် နံနက် ၉ နာရီ မိနစ် ၅၀ ခန့်က တနင်္သာရီမြို့နယ်၊ တမုတ်ချုံရွာအနီးရှိ အင်အား ၁၀ ဦးကျော်ဖြင့် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့ဝင်များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“တနင်္သာရီမြို့အနီးက ဂိတ်တစ်ခုပါ၊ ၁၀ ယောက်ကျော်ကျော်လောက်တော့ရှိပါတယ်၊ မြို့အနီးအနားမှာ ရှိတဲ့ ခမရ ၅၅၆ ၊ ၅၅၇ တပ်ရင်းတွေထဲကနေ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ကူပေးခဲ့ပါတယ်” ဟု မြိတ်ခ ရိုင် တပ်ရင်း ၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း – ၂ ၊တပ်ခွဲ ၁ ၊ တပ်ခွဲ ၂ နှင့် တနင်္သာရီမြို့နယ်(ပကဖ) တောင်ပံနီ၊ တနင်္သာရီရိုးမ၊ ဘက်မလိုက်ပြောက်ကျားအဖွဲ့တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

တနင်္သာရီမြို့နယ်အတွင်း၌ စစ်ရေးတင်းမာနေပြီး မိဘပြည်သူများ၊ခရီးသွားပြည်သူများအနေဖြင့် သတိ ရှိစွာ သွားလာနေထိုင်ပေးကြပါရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း၂ ၏ သတင်း နှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ်စခန်းများကို မိုးကြိုးစစ်ဆင်ရေးအဖြစ် တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၁၄ – YE U PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အောက်တိုဘာလ ၇ ရက်နေ့မှ ၁၄ ရက်နေ့အထိ ရေဦးမြို့ပေါ်ရှိ အကြမ်းဖက်စစ်သားများ တပ်စွဲထားရာ နေရာနှင့် မြို့အဝင် စစ်ဆေးရေးဂိတ်များကို မိုးကြိုးစစ်ဆင်ရေးအဖြစ် Fix Wings Drones ဖြင့် ဗုံးသီး ၂၈ လုံးကျဲချကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ မိုးကြိုးစစ်ဆင်ရေးအတွင်း အကြမ်းဖက် စစ်သား ၆ ဦးနှင့် ပျူစောထီး ၂ ဦးသေဆုံးခဲ့ပြီး ပျူစောထီး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၇ ရက် ညနေ ၄ နာရီခွဲခန့်က ရေဦးမြို့နယ်၊ အနောက်ခြမ်းသို့ စစ်ကြောင်းထိုးလာ သော အကြမ်းဖက်စစ်သားများကို ဗုံးသီး ၄ လုံး၊ အောက်တိုဘာလ ၈ ရက် ညနေ ၃ နာရီခွဲခန့်တွင် ရေဦး မြို့အဝင် စစ်ဆေးရေးဂိတ်ကို ဗုံးသီး ၄ လုံး၊ အောက်တိုဘာလ ၉ ရက် ညနေ ၄ နာရီခန့်တွင် ရေဦးမြို့ အ နောက်မြောက်ဘက်ရှိ မြို့အဝင် စစ်ဆေးရေးဂိတ် (ရွှေကျီးမင်း)ကို ဗုံးသီး ၄ လုံး၊ အောက်တိုဘာလ ၁၂ ရက် မွန်းတည့် ၁၂ နာရီခွဲခန့်တွင် ရေဦး- ဒီပဲယင်းလမ်းအထွက် မြို့အဝင် စစ်ဆေး ရေးဂိတ် (ဂါဝီ ဂိတ်) ကို ဗုံးသီး ၂ လုံး၊ ညနေ ၃ နာရီခွဲခန့်တွင် အကြမ်းဖက်စစ်သား အထိုင်ချထားသော ရေဦးမြို့ တိုင်းရင်း ဆေးရုံကို ဗုံးသီး ၂ လုံး၊ အောက်တိုဘာလ ၁၃ ရက် ညနေ ၄ နာရီခွဲခန့်တွင် ရေဦး- ဒီပဲယင်းအထွက် လမ်း မြို့ဝင်စစ်ဆေးရေးဂိတ် (ဂါဝီဂိတ်)ကို ဗုံးသီး ၄ လုံးနှင့် အောက်တိုဘာလ ၁၄ ရက် မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် ရေဦးမြို့မြောက်ဘက် မြို့အဝင်စစ်ရေးဂိတ်ကို ဗုံးသီး ၄ လုံး၊ မွန်းလွဲ ၂ နာရီခန့် တွင် ရေဦးမြို့ အနောက်မြောက်ဘက်အထွက် မြို့အဝင် စစ်ဆေးရေးဂိတ် (ရွှေကျီးမင်း)ကို ဗုံးသီး ၄ လုံး ကျဲချတိုက်ခိုက် ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို ရွှေဘိုခရိုင်တပ်ရင်း ၁၄ က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး Drone (လေယာဉ်ငယ်) တစ်စင်း ဆုံးရှုံးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article