32 C
Yangon

ပြင်ဦးလွင်-မိုးကုတ်ကားလမ်းတွင် စစ်တပ်နှင့် MDY PDF တို့ တိုက်ပွဲဖြစ်ပြီး အရာရှိ အပါအဝင် စစ်သား ၂၀ ဦးခန့် သေဆုံးကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးခန့် ဒဏ်ရာရ

Must read

ပြင်ဦးလွင်-မိုးကုတ်ကားလမ်းတွင် စစ်တပ်နှင့် MDY PDF တို့ တိုက်ပွဲဖြစ်ပြီး အရာရှိ အပါအဝင် စစ်သား ၂၀ ဦးခန့် သေဆုံးကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးခန့် ဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၁၆

ရှမ်းပြည်နယ် ၊ နောင်ချိုမြို့နယ်၊ ဒိုးပင်ကျေးရွာအနီး ပြင်ဦးလွင်-မိုးကုတ်ကားလမ်းတွင် စစ်တပ်နှင့် MDY PDF တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂၀ ခန့် သေ ဆုံးကာ ၃၀ ဦးခန့်ဒဏ်ရာရရှိကြောင်း၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း MDY- PDF မှ ပြန်ကြားရေးတာဝန်ခံ ကို​အော်စမွန်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၉ ရက်နေ့ နံနက် ၉ နာရီခွဲအချိန် ကနောင်စစ်ဆင်ရေး၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပြင်ဦးလွင်-မိုးကုတ်လမ်းပေါ်ရှိ ဒိုးပင်ကျေးရွာအနီးစစ်ကောင်စီ၏ တပ်မ ၁၀၁ လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ ၂၅၂ စစ် ကြောင်းနှင့် MDY PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲသည် တစ်နေ ကုန် ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၂၀ ခန့် သေဆုံးကာ ၃၀ ခန့်ဒဏ်ရာရရှိကြောင်း၊ PDF ၃ ဦးကျဆုံးခဲ့ရပြီး စစ်တပ်ဘက်မှ လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

“ရန်သူ ၂၀ ခန့် သေဆုံး၍ ထိခိုက်ဒဏ်ရာရရှိသူ ၃၀ ခန့်ရှိပြီး ၁၅ ယောက်သာ အကောင်းအတိုင်း ပြန်ရောက်ရှိသည်ဟု ကနဦးသတင်းအရ သိရှိရပါတယ်” ဟု MDY- PDF မှ ပြန်ကြားရေးတာဝန်ခံ ကို​အော်စမွန်က ပြောဆိုသည်။

တိုက်ပွဲအပြီး နယ်မြေရှင်းလင်းရာတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်များ၊ ခြင်းကျားများ၊ ၂၅၂ ဘတ်တံဆိပ်ပါ ယူနီဖောင်းများ သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ကောင်စီတပ်သား ၆ ဦး၏ ရုပ်အလောင်းများကို မြေမြုပ်သင်္ဂြိုလ် ပေးခဲ့ကြောင်း MDY PDF က ပြောဆိုသည်။

MDY PDF က က​နောင်စစ်ဆင်​ရေး ပထမပွဲဦးထွက်အဖြစ် ဇူလိုင်လလယ်မှ စက်တင်ဘာ ဒုတိယပတ်အထိ တိုက်ခိုက်ခဲ့ကာ စစ်​ကောင်စီတပ်မှ အရာရှိများအပါအဝင် ၈၀ ဦးခန့်​သေဆုံးပြီးလက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article