31 C
Yangon

ကချင်ပြည်နယ်တိုက်ပွဲတွင် သေဆုံးခဲ့သော တပ်မ ၈၈ လက်အောက်ခံ ခမရ ၁၀၃ တောင်တွင်းကြီးတပ်မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သက်အောင်အောင် စစ်သွေးကြွဖြစ်ပြီး အာဏာသိမ်းမှု ထောက်ခံသော သဘောထားတင်းမာသူဖြစ်

Must read

ကချင်ပြည်နယ်တိုက်ပွဲတွင် သေဆုံးခဲ့သော တပ်မ ၈၈ လက်အောက်ခံ ခမရ ၁၀၃ တောင်တွင်းကြီးတပ်မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သက်အောင်အောင် စစ်သွေးကြွဖြစ်ပြီး အာဏာသိမ်းမှု ထောက်ခံသော သဘောထားတင်းမာသူဖြစ်

ရန်ကုန်၊ အောက်တိုဘာ ၁၆

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ အောင်ဂျာကျေးရွာတိုက်ပွဲတွင် တပ်မ ၈၈ လက်အောက်ခံ အမှတ် ၁၀၃ ခြေမြန်တပ်ရင်း၊ တောင်တွင်းကြီးတပ်မှ တပ်ရင်း မှူး ဒုတိယဗိုလ်မှူးကြီး သက်အောင်အောင် သေဆုံးခဲ့ပြီး ၎င်းသည် သဘောထ ား တင်းမာသော စစ်တပ်ထောက်ခံသူ၊ စစ်သွေးကြတစ်ဦးဖြစ်ကြောင်း စစ်တပ် သတင်းရင်းမြစ်က ပြောသည်။

အောက်တိုဘာလ ၁၃ ရက်နေ့ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ အောင်ဂျာကျေးရွာတို က်ပွဲတွင် တပ်မ ၈၈ လက်အောက်ခံ ခမရ ၁၀၃ တောင်တွင်း ကြီး တပ်မှ အသက် ၄၁ နှစ်အရွယ် ဒုတိယဗိုလ်မှူး‌ကြီး သက်အောင်အောင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ အောင်ဂျာတိုက်ပွဲတွင် စစ်တပ်ဘက်မှ သေဆုံးမှု အလွန်များပြားသဖြင့် လေကြောင်းဖြင့် လာရောက် တိုက်ခိုက် ဗုံးကျဲခဲ့ကြောင်း၊ သေဆုံးသူ ဒုဗိုလ်မှူး‌ကြီး သက်သက်အောင်သည် စစ်အာဏာရှင်ကို အကြီး အကျယ် ထောက်ခံသူဖြစ်ကြောင်း စစ်တပ်သတင်းရင်းမြစ်က ဆိုသည်။

“သူက စစ်တက္ကသိုလ် အပတ်စဉ် ၄၆ ကျောင်းဆင်းပါ။ စစ်ကိုင်းဇာတိပါ။ ဗိုလ်ကြီး၊ ဗိုလ်မှူးဘ၀မှာ နာဂ၊ ရှမ်းပြည်နယ် နမ့်စမ်၊ မော်လမြိုင် စတဲ့နေရာတွေ ရွှေ့ပြီး တာဝန်ထမ်းဆောင်ခဲ့တယ်။ အဲဒါတွေပြီးတော့မှ တောင်တွင်းကြီး ခမရ ၁၀၃ မှာ တပ်ရင်းမှူး ဖြစ်လာတာ။ စစ်တပ်ဘက်တော်သား စစ်စစ်ဖြစ်သလို အာဏာသိမ်းမှု ထောက်ခံတယ်။ သဘောထားတင်းမာသူလည်းဖြစ်တယ်။ စစ်သွေးစစ်မာန် အမြဲကြွနေသူလည်းဖြစ်ပါတယ်။ သေဆုံးချိန်မှာ ဇနီးနဲ့ သမီးတစ်ဦး ကျန်ခဲ့ပါတယ်။ သူ့ကြည့်ရင်တော့ အေးအေးဆေး ပိန်ပိန်ပါးပါးနဲ့ စစ်သွေးကြသူလို့ ထင်စရာမရှိဘူး” ဟု စစ်တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

ကချင်ပြည်နယ် တိုက်ပွဲ သေဆုံးသော ခမရ ၁၀၃ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သက်အောင်အောင်သည် သေဆုံးချိန်တွင် အသက် ၄၁ နှစ်ရှိနေပြီဖြစ်သည်။

ဓာတ်ပုံ- အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် တာဝန်ကျစဉ် ဗိုလ်မှူးရာထူးဖြင့် တွေ့ရသည့် ခမရ ၁၀၃ တပ်ရင်းမှူး ဒုဗိုလ်မှူး‌ကြီး သက်အောင်အောင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article