31 C
Yangon

ရန်ကုန်မြို့တစ်နေရာတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးစာတန်း ချိတ်ဆွဲဆန္ဒပြ

Must read

ရန်ကုန်မြို့တစ်နေရာတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးစာတန်း ချိတ်ဆွဲဆန္ဒပြ

ရန်ကုန်၊အောက်တိုဘာ ၁၅

ရန်ကုန်မြို့တစ်နေရာတွင် လူငယ်များက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး စာတန်းချိတ်ဆွဲကာ ယနေ့ အောက်တိုဘာ ၁၅ ရက်နေ့ ညပိုင်းတွင် ဆန္ဒပြကြသည်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံနေရာအနှံ့အပြား၌ လျှပ်စစ်မီး မှန်မှန်မရရှိခြင်းကြောင့် ပြည်သူလူထုသည် အကျပ်အတည်းပေါင်းများစွာ နှင့် ရင်ဆိုင်​နေရပြီး ယင်းအကျပ်အတည်းများကြောင့် ဖေဖော်ဝါရီ ၁ရက်နေ့ (အသံတိတ်သပိတ်)နေ့တွင် မိမိ၏ခန္ဓာကိုယ်ကို ဓာတ်ဆီလောင်းမီးရှို့၍ ဆန္ဒထုတ်ဖော်သွားသော ကိုအောင်အောင် အား ဂုဏ်ပြုသည့်အနေဖြင့် သူ့လက်ရေးဖြင့် ဆန္ဒထုတ်ဖော်ခဲ့သော ” ၂၄ နာရီလုံးများပြည်သူ+သား မီးလင်းပါစေ ။၂၀၀၁ + ၂၀၀၂ ပြန်မသွား” ဆိုသော စာတန်းအား North Dagon Oppressed People’s Strike Colition – NDOPSC မှလူငယ်များက ချိတ်ဆွဲကာ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

ပြည်သူလူထု ရင်ဆိုင်နေရသော စီးပွာရေး၊လူမှုရေး၊ကူးသန်းသွားလာရေး စသော အထွေထွေအကျပ်အတည်းများအားလုံး၏ အရင်းခံသည် စစ် အာဏာ ရှင် စနစ်ကြောင့် ဖြစ်ကြောင်း မီးမောင်းထိုးပြလိုက်ခြင်းလည်း ဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article