33 C
Yangon

ခင်ဦးမြို့နယ်တွင် ပြည်သူတစ်ဦးကို ဖမ်းဆီးပြီး ညောင်ပင်ကြီးစု ရဲစခန်းရှေ့တွင် စစ်တပ်က ပစ်သတ်၊ ကော့ကရိတ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ကလေးငယ် ၁ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရ

Must read

ခင်ဦးမြို့နယ်တွင် ပြည်သူတစ်ဦးကို ဖမ်းဆီးပြီး ညောင်ပင်ကြီးစု ရဲစခန်းရှေ့တွင် စစ်တပ်က ပစ်သတ်၊ ကော့ကရိတ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ကလေးငယ် ၁ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၁၆

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်နေသည့် အကြမ်း ဖက်စစ်တပ်က အောက်တိုဘာ ၁၅ ရက်နေ့ ညနေပိုင်းတွင် ညောင်ပင်ကြီးစုရဲစခန်းရှေ့တွင် ပြည်သူတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်လိုက်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

စစ်တပ်၏ သတ်ဖြတ်ခံရသူမှာ မှန်သာရွာမှ အသက် ၃၇ နှစ်အရွယ် ကိုမင်းမင်း ဖြစ်ပြီး စစ်ကြောင်းနှင့်ထိပ်တိုက် တိုးစဉ် ဖမ်းဆီးပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ပြောကြားသည်။

“မနေ့ညနေလောက်ကတည်းက ပစ်သတ်ခံရတာ အနံ့တော်တော်ထွက်နေပြီ။ ညောင်ပင်ကြီးစုရဲစခန်းရှေ့မှာ ။ စစ်ကြောင်းနဲ့ ဖမ်းမိပြီး ပစ်သတ်ခံရတာ။” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်သည် ကိုမင်းမင်းကို ဖမ်းဆီးမိချိန်တွင် PDF များကို ဖုန်းဆက်၍ ကိုမင်းမင်းကို လိမ်ခေါ်ခိုင်းခဲ့သေးကြောင်း၊ ကိုမင်းမင်းကို ဖမ်းဆီးသော စစ်တပ်သည် အောက်တိုဘာ ၁၅ ရက်နေ့တွင် ၄ ကြိမ်မိုင်းဆွဲခံရသော စစ်ကြောင်းဖြစ်ပြီး စစ်သား ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

လက်ရှိတွင် အကြမ်းဖက်စစ်တပ်က မူးသာ ရွာဘက်သို့ ထွက်နေပြီး ညောင်ပင်ကြီးစုနှင့် ကြာပင်အိုင်ရွာအကြားတွင် နင်းမိုင်းထောင်ထားခဲ့ကြောင်း၊ ယင်းထောင် ထား‌သော မိုင်းကို နင်းမိ၍ ပြည်သူ ၁ ဦးမှာ ယနေ့ အောက်တိုဘာ ၁၆ ရက်နေ့တွင် ခြေထောက် ထိခိုက်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် အောက်တိုဘာလ ၁၃ ရက်နေ့ စစ်ကောင်စီလက်အောက်ခံ ၉၇ တပ်ရင်းက ရမ်းသမ်းပစ်ခတ်သဖြင့် ကလေးငယ် ၁ ဦးသေဆုံး၍ ၂ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

အောက်တိုဘာလ ၁၃ ရက်နေ့ ညနေပိုင်း ကျောင်းဆင်းချိန် အမှတ် ၉၇ တပ်ရင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် ကော့ကရိတ်မြို့နယ်၊ ဝင်းရေးရပ်ကွက်မှ ၄တန်းကျောင်းသူ ၁ ဦး ကျည်ထိမှန်သေဆုံးသွားပြီး ကလေးငယ် ၂ဦး ဒဏ်ရာရရှိခြင်းဖြစ်ကြောင်း သိရှိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article