32 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၆ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၆ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၁၆ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-ရှမ်းပြည်နယ် ၊ နောင်ချိုမြို့နယ်၊ ဒိုးပင် ကျေးရွာအနီးက ပြင်ဦးလွင်-မိုးကုတ်ကားလမ်းမှာ အကြမ်း ဖက် စစ်တပ် နဲ့ မန္တလေး- PDF တို့ကြား တိုက်ပွဲဖြစ်ပွားရာမှာ အကြမ်းဖက် စစ်တပ်ဘက်က အယောက် ၂၀ ဝန်းကျင် သေသွားပြီး ၊ အယောက် ၃၀ နီးပါး ဒဏ်ရား ရသွားကြတဲအပြင် ၊ လက်နက် ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ မန္တလေး – PDF ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန် က ရန်ကုန်ခေတ်သစ် ကိုပြောပါတယ်။

– ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ အောင်ဂျာ ကျေးရွာတိုက်ပွဲမှာ သေသွားတဲ့ အကြမ်းဖက် စစ်တပ်ရဲ့ တပ်မ ၈၈ လက်အောက်ခံ အမှတ် ၁၀၃ ခြေမြန်တပ်ရင်း၊ တောင်တွင်းကြီးတပ်က တပ်ရင်း မှူး ဒုတိယဗိုလ်မှူးကြီး သက်အောင်အောင် ဆိုသူဟာ စစ်သွေးကြွဖြစ်ပြီး အာဏာသိမ်းမှုကို ထောက်ခံတဲ့ သဘောထားတင်းမာသူဖြစ်တယ်လို့ စစ်တပ် သတင်းရင်းမြစ်က ပြောပါတယ်။

– စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်း ဖက်စစ်တပ်က အောက်တိုဘာလ ၁၅ ရက်နေ့ ညနေပိုင်းမှာ ညောင်ပင်ကြီးစု- ရဲစခန်းရှေ့မှာ အရပ်သား ပြည်သူ တစ်ဦးကို ဖမ်းဆီးသတ်ဖြတ်လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက် ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article