26 C
Yangon

စစ်ကိုင်းမြို့မှ ထွက်လာသော စစ်တပ်စစ်ကြောင်းနှင့် မာလဲတောပျူစောထီးကျေးရွာကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံး

Must read

စစ်ကိုင်းမြို့မှ ထွက်လာသော စစ်တပ်စစ်ကြောင်းနှင့် မာလဲတောပျူစောထီးကျေးရွာကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၆

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ တပ်မ ၃၃ မှ ထွက်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို မောင်းသူမဲ့ လေယာဉ်ငယ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း နန်း တက်မင်း LPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အောက်တိုဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က စစ်ကိုင်းမြို့တပ်မ ၃၃ မှ အင်အား ၇၀ ခန့်ဖြင့် ထွက် လာပြီး ဆားတောင်မြို့မှတဆင့် သိမ်ချောင်းကျေးရွာဘက်သို့ ခြေလျင်စစ်ကြောင်းထိုးလာသော အကြမ်း ဖက်စစ်သားများကို အောက်တိုဘာလ ၁၄ ရက်နေ့အထိ ၂ ရက်ဆက်တိုက်မောင်းသူမဲ့လေယာဉ်ငယ်များ ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

“တပ်မ ၃၃ ကနေထွက်လာတဲ့ စစ်ကြောင်းဗျ၊ ဆားတောင်မြို့ကနေ သိမ်းကျောင်းကျေးရွာဘက်ကို စစ် ကြောင်းထိုးတာ၊ အောက်တိုဘာလ ၁၃ ရက် နဲ့ အောက်တိုဘာလ ၁၄ ရက် ၂ ရက်ဆက်တိုက် ဗုံးချခဲ့ တာပါ၊ စစ်ခွေး ၂ ကောင်သေပြီး အများအပြားဒဏ်ရာရတယ်လို့ မြေပြင်သတင်းအရ သိရပါတယ်ဗျ၊ အခု လက်ရှိမှာလည်း စစ်ကြောင်းက သိမ်ကျောင်းနဲ့ ဆားတောင်ဝန်းကျင်နားမှာပဲ ရှိပါသေးတယ်ဗျ” ဟု နန်း တက်မင်း LPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို နန်းတက်မင်း LPDF တပ်ဖွဲ့၊ ကြောင်လက်သည်း LPDF တပ်ဖွဲ့၊ Dynamite – 2 LPDF တပ်ဖွဲ့၊ နယ်စီးမခြား ဗိုလ်ပျံလွှား LPDF တပ်ဖွဲ့ နှင့် နယ်စီးမခြား ကိုးတောင်ကျား LPDF တပ်ဖွဲ့တို့ ပူးပေါင်းကာ Fixed Wings မောင်းသူမဲ့လေယာဉ် ၆ စီးဖြင့် ၆၀ မမ ဗုံးသီးများကို အသုံးပြုတိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မာလဲတောပျူရွာကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း စစ်ကိုင်းခရိုင်အမှတ် ၂ တပ်ရင်း မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

အောက်တိုဘာလ ၁၅ ရက် မွန်းလွဲ ၂ နာရီခန့်က စစ်ကိုင်းမြို့နယ်၊ မာလဲတောပျူရွာရှိ ရွာလယ် ဘုန်း ကြီးကျောင်း၊ စာသင်ကျောင်းတို့၌ တပ်စွဲထားသော အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို စစ်ကိုင်း ခရိုင်၊ တပ်ရင်း ၂ ၊ တပ်ခွဲ ၁ မှ ဦးဆောင်၍ စစ်ကိုင်းမြို့နယ်ပကဖ အဖွဲ့နှင့် ပူးပေါင်းကာ ဒရုန်းဖြင့် ဗုံးသီး ၆ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုတွင် အခြားသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များမှ လည်း မာလဲပျူရွာနေရာအနှံ့အပြားသို့ ဒရုန်းဖြင့် ဗုံးသီး အလုံး ၃၀ ကျော် ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article