29 C
Yangon

ပဲခူးတိုင်း၊ ပိန်းဇလုပ်ဘူတာနှင့် ညောင်လေးပင်ဘူတာအကြား ရထားလမ်း မိုင်းဆွဲခံရပြီး အစုန်နှင့်အဆန် ရထားလမ်း နှစ်ခုလုံး ပျက်စီး

Must read

ပဲခူးတိုင်း၊ ပိန်းဇလုပ်ဘူတာနှင့် ညောင်လေးပင်ဘူတာအကြား ရထားလမ်း မိုင်းဆွဲခံရပြီး အစုန်နှင့်အဆန် ရထားလမ်း နှစ်ခုလုံး ပျက်စီး

ရန်ကုန်၊ အောက်တိုဘာလ ၁၇ ရက်

ပဲခူးတိုင်း၊ ရန်ကုန် – မန္တလေးရထားလမ်းပိုင်း ၊ ပိန်းဇလုပ်ဘူတာ နှင့် ညောင်လေးပင်ဘူတာအကြား ရထားလမ်းကို ယနေ့ အောက်တိုဘာ ၁၇ ရက်နေ့ နံနက်အစောပိုင်းတွင် မိုင်းဆွဲခံရပြီး အသွားနှင့်အပြန် လမ်း နှစ်ခုလုံး ပျက်စီးသွားကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်က ရထားလမ်းတစ်လျှောက်တွင် လုံခြုံရေးများ ချထားသည့်ကြားမှ ရထား လမ်း မိုင်းဆွဲခံရခြင်းဖြစ်ပြီး အစုန်လမ်း အဆန်လမ်း ၂ လမ်းလုံး ပျက်စီးသွားကြောင်း၊ ရထားလမ်း မိုင်း ဆွဲခံရမှုကြောင့် နံနက် ၄ နာရီဝန်းကျင်မှ စ၍ ရထားများ ရပ်ဆိုင်းလိုက်ရပြီး ခရီးသွား ပြည်သူ များက အဆင်ပြေရာ လိုင်းကားများဖြင့် ခရီးဆက်လက်ထွက်ခွာနေကြကြောင်း သိရှိရသည်။

လက်တလော အစုန်နှင့်အဆန် ရထားများကို ပိန်းဇလုပ်ဘူတာနှင့် ကျောက်တံတားဘူတာတွင် ရပ်နားထားကြောင်း၊ အဆိုပါ ရထားလမ်းမိုင်းခွဲခံရသည့်နေရာမှာ ယခင် ရထားမိုင်းခွဲခံရသည့် နေရာ အနီးနားတွင် ဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

စစ်ကောင်စီက လက်နက်နှင့်ရိက္ခာသယ်ယူမှုများကို အဓိကအားဖြင့် ရထားများ ဖြင့် တင်ပို့ သယ်ယူမှုများလုပ်ဆောင်နေသဖြင့် ရထားလမ်း မိုင်းဆွဲမှုများ ရှိနေခြင်းဖြစ်သည်ဟု တော်လှန်ရေးသတင်းရင်းမြစ်ထံမှ သိရှိရသည်။

ဓာတ်ပုံ- ဩဂုတ်လ ၁၈ ရက်နေ့ ရန်ကုန် မန္တလေး မီးရထား လမ်း တောကျွဲအင်းနှင့် ကညွတ်ကွင်း အကြားတွင် အမှတ် ၉၂၄ အစုန် ကုန်ရထား မိုင်းထိထားစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article