29 C
Yangon

မိုးဗြဲမြို့၊ ဒုန်းဒူထန်ရပ်ကွက်နှင့် စည်ကားရပ်ကွက် ရှိ နေအိမ် ၄ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ မိုးဗြဲ ဆည်ရေအဆမတန်ဖွင့်ချမှုကြောင့် ပြည်သူ့စိုက်ခင်း အမြောက်အများပျက်စီး

Must read

မိုးဗြဲမြို့၊ ဒုန်းဒူထန်ရပ်ကွက်နှင့် စည်ကားရပ်ကွက် ရှိ နေအိမ် ၄ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ မိုးဗြဲ ဆည်ရေအဆမတန်ဖွင့်ချမှုကြောင့် ပြည်သူ့စိုက်ခင်း အမြောက်အများပျက်စီး

ရန်ကုန်၊ အောက်တိုဘာ ၁၇

ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်အစပ် ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့၊ ဒုန်းဒူထန်ရပ်ကွက်နှင့် စည်ကား ရပ်ကွက် အတွင်းရှိ ပြည်သူ့ နေအိမ် ၄ လုံးကို အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ ကြောင်း မိုးဗြဲ PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အောက်တိုဘာလ ၁၅ ရက်နေ့ ညနေပိုင်း မိုးဗြဲမြို့တွင် တပ်စွဲထားသော အကြမ်းဖက်စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စည်ကား ၃ ရပ်ကွက်နှင့် ဒုန်းဒူထန်ရပ်ကွက်အတွင်းရှိ ပြည်သူ့ နေအိမ် ၄ လုံးကို ထပ်မံ မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အခုမီးရှို့တဲ့ရပ်ကွက်တွေမှာ ရှိတဲ့ပြည်သူတွေက ထွက်ပြေးတိမ်းရှောင်နေကြရတာ၊ စစ်ခွေးတွေလည်း တပ်စွဲထားတာဆိုတော့၊ ပြည်သူတွေလည်းမရှိတော့ဘူးဆိုတော့ သူတို့က လုပ်ချင်သလိုလုပ်နေကြတာ၊ ကျနော်တို့လည်း ပထမတော့ မီးခိုးတွေထွက်လာတာမြင်တာနဲ့ ဒရုန်းနဲ့ကင်းထောက်ကြည့်တဲ့အချိန်မှာ ပြည်သူ့နေအိမ် ၄ လုံးကို မီးရှို့သွားတယ်ဆိုတာ သိရတာပါ၊” ဟု မိုးဗြဲ PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့အပြင် မိုးဗြဲဆည်အတွင်းမှ ဘီလူးချောင်းဘက်သို့ ရေအဆမတန် ဖွင့်ချမှုကြောင့် မိုးဗြဲဆည် အောက် ပိုင်းရှိ ရိတ်သိမ်းခါနီး စပါးခင်းဧက ၅၀၀ ဝန်းကျင်၊ မွေးမြူရေးငါးကန် ဧက ၁၀၀ ဝန်းကျင်တို့အပါအဝင် ဘီလူးချောင်းဘေး၌ နေထိုင်ကာ လုပ်ကိုင်စားသောက်နေကြသော စစ်ဘေးရှောင်ပြည်သူ ဦးရေ ၅၀၀ ဝန်းကျင်တို့၏ နေထိုင်ရာနေရာနှင့် ၎င်းတို့၏ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသော စပါးခင်းအားလုံး ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

“ပြည်သူတွေက သူတို့စိုက်ပျိုးထားတဲ့ စပါးခင်းတွေရိတ်သိမ်းရဦးမလားဆိုတော စောင့်နေကြတာ၊ အခု လို ဆည်ရေးအဆမတန်ဖောက်ချလိုက်တော့ ဆည်အောက်ဖက်မှာရှိတဲ့ ရိတ်သိမ်းလုဆဲဆဲ စိုက်ခင်းတွေ အကုန်ပျက်စီးတယ်၊ တစ်ချို့လည်း နီးစပ်ရာဆွေမျိုးသားချင်းရှိတဲ့ဆီ ရှောင်သွားကြပေမယ့် တချို့တွေ တွေကတော့ ပေကပ်ပြီး ဖြစ်လို့ တဲထိုး၊ တဲမထိုးနိုင်တဲ့သူတွေကလည်း ကပ်နေကြရတာ၊ တချို့ကလည်း ဝါးဖောင်လေးတွေလုပ်ပြီး အဲဒီအပေါ်မှာနေကြတယ်၊ ပြည်သူတွေမှာ အတော်လေးကို ဒုက္ခရောက်နေ ပါတယ်၊ ဒီနေ့အထိလည်း ဆည်ရေက ဆက်လက်ဖောက်ချနေတုန်း၊ နောက်ရက်တွေလည်း ဆက် လက်ဖောက်ချနေဦးမှာပဲ ဆိုတာ တွက်ဆရတယ်” ဟု မိုးဗြဲ PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က ပြည်သူလူထုအပေါ် စိတ်သောအမျိုးမျိုး၊ ဒုက္ခအမျိုးမျိုး ပေးနေပြီး စစ်ကောင်စီတပ်ကို အမြစ်ပြတ် တော်လှန်ရေးတိုက်ခိုက်သွားမည် ဖြစ်ကြောင်း၊ မိဘပြည်သူများအနေဖြင့်လည်း လုံခြုံရေးကို အထူး ဂရုစိုက်သွားလာစေလိုကြောင်း အမှတ် ၁၀၀၁ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် MBPDF တပ်ဖွဲ့က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article