31 C
Yangon

ရေဖြူတွင် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး၊ ရေဦးတွင် စစ်ကြောင်းကို မိုင်းဆွဲမှု စစ်သား ၆ ဦးသေဆုံး

Must read

ရေဖြူတွင် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး၊ ရေဦးတွင် စစ်ကြောင်းကို မိုင်းဆွဲမှု စစ်သား ၆ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၈

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲပြီး မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၀ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ရေဖြူမြို့နယ်၊ သပြေဇွန်းကျေးရွာမှ တဆင့် စစ်ကြောင်းထိုးဝင်ရောက် လာသော အင်အား ၄၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မင်းဒပ်ကျေးရွာနှင့် ပုဂေါဇွန်းကျေးရွာ လမ်းပိုင်း တစ်နေရာ၌ တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦး သေဆုံးခဲ့​ကြောင်း သိရသည်။

ယင်းစစ်ကြောင်းသည် ည ၇ နာရီအချိန်တွင် ပုဂေါဇွန်းကျေးရွာမှ ရလိုင်ကျေးရွာဘက်ကို ထွက်ခွာလာစဥ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးဘဲ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF ၊ Dawei Guerrilla Revolutionary Force – DGRF (တပ်ခွဲ-၄) နှင့် YePhyu People Defense Force – YPPDF တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ အောက်တိုဘာလ ၁၈ ရက်နေ့ နံနက် ၆ နာရီ ၃၅ မိနစ်အချိန် စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် ရေဦးတိုင်းရင်းဆေးရုံမှ ထွက်လာပြီး မြို့နယ် အနောက်ခြမ်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော ခမရ ၇၀၁ ၊ ၇၀၈ နှင့် ပျူစောထီး(ပြည်သူ့စစ်) ပူးပေါင်းစစ်ကြောင်းကို ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်းက သဲတောမူး အနီးသို့ရောက်ရှိချိန်တွင် မိုင်းတစ်လုံး ၊ နံနက် ၁၀ နာရီ ၅၅ မိနစ်အချိန် လက်တန် ၁ အနီးတွင် မိုင်းတစ်လုံး ၊ မွန်းလွဲ ၁ နာရီ ၂၀ မိနစ် အချိန် ယူကလစ်ခြံနှင့် လက်တန် ၅ မြောင်းခွဲကြားအရောက်တွင် မိုင်း ၁ လုံး စုစု​ပေါင်း မိုင်း ၃ လုံးဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်တပ်သား (၆)ဦးသေဆုံး၍ ၆ ဦး ဒဏ်ရာရရှိကြောင်းရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်းမှ တာဝန်ရှိသူက ပြောဆိုသည်။

“သဲတောမူးဆိုတာ ရေဦး ကနေ ဒီပဲယင်းကို ထွက်တဲ့ဘက်မှာ ပထမဦးဆုံးတွေ့တဲ့ မူးလေးဗျ၊ တံတား လေးရှိတယ်၊ အဲဒါကို သဲတောမူးလို့ခေါ်တာ၊ ရေဦးမြို့အဝင် ဆိုင်းဘုတ်နဲ့ဆိုရင် မီတာ ၈၀၀ လောက်ပဲ ဝေးတယ်၊ ပြီးတော့ မူးမကြီးကနေ လယ်ရေပေးတဲ့ လက်တံ ၁ ပေါ့၊ နောက်တနေရာက ယူကလစ်ခြံနဲ့ မူးလက်တံ ၅ ကြား စုစုပေါင်း မိုင်း ၃ ပွိုင့်နဲ့ ဆွဲခဲ့တာ၊ အခုအဲဒီခွေးစစ်ကြောင်းက ရေဦးနဲ့ ဒီပဲယင်းကြား ထဲက ရေဦးမြို့နယ်ထဲမှာပါ တဲ့ မစိုးရိမ်ဆိုတဲ့ရွာမှာ ရောက်နေတယ်၊ အဲဒီမှာ မီးရှို့နေတာမြင်တယ်လို့ ပြောတယ်၊ ခွေးသေတွေကို မီးရှို့ နေတာလို့ ယူဆရတယ်၊ ကျနော်တို့ ခွေးသေလိုက်ရှာတာ မတွေ့ဘူး၊ စစ်ကြောင်းနဲ့အတူ သယ်သွားတာ ဆိုတော့” ဟု ရွှေဘိုခရိုင်တပ်ရင်း ၁၄ – Ye U PDF တပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင်တပ်ရင်း ၁၄ – YE U People’s Defense Force တပ်ဖွဲ့ဝင်များက တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း၊ လက်နက် အင်အားမပြည့်စုံသော်သည်း တိုင်းပြည်အာဏာကို မတရားလုယူပြီး ပြည်သူလူထုကို ဒုက္ခပေးနေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ရရာလက်နက်စွဲကိုင်တော်လှန်တိုက်ခိုက်နေမည်ဖြစ်ကြောင်း ရွှေဘို ခရိုင်အမှတ် ၁၄ တပ်ရင်း – Ye U PDF က အသိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article