မြိုင်တွင် ❝ ဖောက်ပြန်သူမှန်သမျှ တော်လှန်မည်၊ CDMကိုင်စွဲ အဆုံးထိတိုက်မည် ❞ ကြွေးကြော်သံဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်
ရန်ကုန်၊ အောက်တိုဘာ ၁၈
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ❝ ဖောက်ပြန်သူမှန်သမျှ တော်လှန်မည်၊ CDMကိုင်စွဲ အဆုံးထိတိုက်မည် ❞ ကြွေးကြော်သံဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ယနေ့ ချီတက်ကြကြောင်း သိရှိရသည်။
မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီနှင့် ဒေသခံပြည်သူလူထုပူးပေါင်းကာ ယနေ့ အောက်တိုဘာလ(၁၈)ရက်နေ့တွင် “ဖောက်ပြန်သူမှန်သမျှတော်လှန်မည် CDMကိုင်စွဲအဆုံးထိတိုက်မည်” ၊ “ဖက်ဆစ်ဝင်ငွေဖြတ်တောက် ပြည်သူ့ဘဏ္ဍာတည်ဆောက်´´ စသည့် စာသားပါဘန်နာများကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ကြခြင်းဖြစ်ကြောင်း သိရှိရသည်။