35 C
Yangon

ရွှေဘိုမြို့နယ်၊ ယင်းမာရွာအနီး တွင် ခေတ္တတပ်စွဲကာ နားနေလျက်ရှိသော စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ အမျိုးသမီးလစဉ်သုံးပစ္စည်းတချို့ သိမ်းဆည်းရရှိ

Must read

ရွှေဘိုမြို့နယ်၊ ယင်းမာရွာအနီး တွင် ခေတ္တတပ်စွဲကာ နားနေလျက်ရှိသော စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ အမျိုးသမီးလစဉ်သုံးပစ္စည်းတချို့ သိမ်းဆည်းရရှိ

ရန်ကုန်၊ အောက်တိုဘာ ၁၈

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ယင်းမာရွာအနီး တွင် ခေတ္တတပ်စွဲကာ နားနေလျက်ရှိသော စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးကြောင်း BLACK WOLF – ARMYမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၄ ရက်နေ့ ရွှေဘိုမြို့ ယင်းမာရွာအနီးတွင် တပ်စွဲကာ နားနေလျက်ရှိသော စစ်ကောင်စီတပ်သား ၄၀ ဦးခန့်ကို BLACK WOLF – ARMY ၊ Who am i – Army တို့က ဒရုန်းဖြင့် ဗုံး ကြဲ တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီ တပ်သား ကျဆုံးမှုအနေဖြင့် ၂ ဦး အတည်ပြုနိုင်ပြီး ဆက်လက်စိစစ်နေဆဲ ဖြစ်ကြောင်း သိရှိရသည်။

ဒရုန်းဖြင့် ဗုံးကျဲမှုအပေါ် စစ်တပ်က လက်နက်ကြီး ၂ လုံးဖြင့် တန်ပြန်ပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ၊ ယင်းနောက် နယ်မြေရှင်းလင်းရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ အမျိုးသမီးလစဉ်သုံး ဂွမ်းထုပ်၊ ထမင်းစားဇလုံ၊ ဘတ်တံဆိပ်ပါဦးထုပ်နှင့် မိုးကာအစိမ်းတို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article