37 C
Yangon

ထီးလင်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီထုတ် မြန်မာဘီယာများကို ဖမ်းဆီး ဖျက်ဆီး

Must read

ထီးလင်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီထုတ် မြန်မာဘီယာများကို ဖမ်းဆီး ဖျက်ဆီး

ရန်ကုန်၊ အောက်တိုဘာလ ၁၉

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ပုလဲ-ဂန့်ဂေါလမ်းမကြီးပေါ်တွင် အကြမ်းဖက် စစ်တပ် ထုတ်ကုန်မြန်မာ ဘီယာများကို ဖမ်းဆီး ဖျက်ဆီးခဲ့ကြောင်း YRA ထီးလင်းတပ်ဖွဲ့မှ သခင်ဇော်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ယမန်နေ့ အောက်တိုဘာ ၁၈ နံနက် ၉ နာရီခွဲခန့်အချိန် ရေမျက်နီ- ဂန့်ဂေါလမ်း ပိုင်း တနေရာ၌ ကုန်တင် ကားတစ်စီးကို ဂန့်ဂေါခရိုင်တပ်ရင်း(15/16/17)-YRA ထီးလင်းရဲဘော်များက ရှောင်တခင် ဝင်ရောက် စစ်ဆေးခဲ့ရာ အကြမ်းဖက် စစ်ကောင်စီထုတ် ကုန်မြန်မာဘီယာများ နှင့်အခြား စစ်ကောင်စီ ထုတ်စား သောက်ကုန်များ အများအပြားသယ်ဆောင်လာသည်ကို စစ်ဆေးတွေ့ရှိ ခဲ့သဖြင့် သိမ်းဆည်း ဖျက် ဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ဘီယာက ပမာဏ သိပ်တော့ မများဘူး၊ ၁၅ ဖာလောက်ပဲ ရှိတာ၊ စစ်ကောင်စီ ထုတ် တခြား ပစ္စည်းတွေ ပါတယ်၊ အချိုရည်တွေပါတယ်၊ တခြား လူသုံးကုန် ပစ္စည်းတွေလည်းပါတယ်၊ လူသုံးကုန်ပစ္စည်းက ဖျက်ဆီးလိုက်မယ်ဆိုရင် ပြည်သူတွေပဲ နစ်နာမှာဖြစ်တဲ့အတွက် ယမကာတွေကို ဖျက်ဆီးလိုက်တာပါ၊ ကျန်တဲ့ပစ္စည်းတွေကိုတော့ ပြန်လည် ပေးအပ်ခဲ့ပါတယ်၊ ပြီးတော့သူတို့ကို နားလည် အောင်ရှင်းပြတယ်၊ ခံဝန်ကတိတွေလက်မှတ်ထိုးခိုင်းလိုက်တယ်” ဟု YRA ထီးလင်းတပ်ဖွဲ့မှ သခင်ဇော်က ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ အကြမ်းဖက်စစ်ကောင်စီထုတ်ကုန်ပစ္စည်းများကို မန္တလေးမှ ဂန့်ဂေါ မြို့ပေါ်ရှိ ဆိုင်များအတွက် သယ်ဆောင်လာခြင်းဖြစ်ပြီး ကားဒရိုင်ဘာ၊ စပယ်ယာ နှင့် ကားပိုင်ရှင်များကို မေးမြန်းရာ “အကြမ်း ဖက် စစ်ကောင်စီထုတ် ကုန်များဟု သိလျက်နှင့်ပင် သယ်ယူ တင်ဆောင်လာ ခြင်းဖြစ်ကြောင်း၊ အထပ်ထပ် အခါခါ ကြေညာ သတိပေးတားမြစ်ထား ခြင်းများကို သိရှိ ကြောင်း”စစ်ဆေး တွေ့ရှိ ရသဖြင့် နောက် နောင်သယ်ယူတင် ဆောင်ခြင်း မပြုရန် ပြင်းပြင်းထန်ထန်သတိပေးဆုံးမခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article