26 C
Yangon

အကြမ်းဖက် မင်းအောင်လှိုင်၏ ညွှန်ကြားချက်အရ ပြည်ပရောက်အလုပ်သမားများနှင့် သင်္ဘောသားများ စစ်ကောင်စီထံတွင် အခွန်မဆောင်လျှင် နိုင်ငံကူးလက် မှတ် သက်တမ်းတိုးမပေးဟု ကြေညာ

Must read

အကြမ်းဖက် မင်းအောင်လှိုင်၏ ညွှန်ကြားချက်အရ ပြည်ပရောက်အလုပ်သမားများနှင့် သင်္ဘောသားများ စစ်ကောင်စီထံတွင် အခွန်မဆောင်လျှင် နိုင်ငံကူးလက် မှတ် သက်တမ်းတိုးမပေးဟု ကြေညာ

■ PV နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများ ပြည်ပတွင် နှစ်ရှည်လများ နေထိုင်ပြီး သက်တမ်းတိုးမည်ဆိုလျှင် အခွန်ကင်းရှင်းကြောင်းထောက်ခံစာ လိုအပ်

ရန်ကုန်၊ အောက်တိုဘာ ၁၉

အကြမ်းဖက် မင်းအောင်လှိုင်၏ ညွှန်ကြားချက်အရ ပြည်ပရောက်အလုပ်သမားများနှင့် သင်္ဘောသားများ စစ်ကောင်စီကို အခွန်မဆောင်လျှင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမပေးတော့ကြောင်း စစ်ကောင်စီက တရားဝင် ကြေညာသည်။

လက်ရှိတွင် ရန်ကုန်ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရုံး အပါအဝင် ပြည်နယ်နှင့်တိုင်းအသီးသီးရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရုံးများတွင် ပြည်ပနိုင်ငံသို့ သွားရောက်ခဲ့သည့် အလုပ်သမားများ၊ သင်္ဘောသားများအနေဖြင့် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးလိုပါက ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပေးသည့် အခွန်ဆောင်ပြီးကြောင်း တစ်နည်းအားဖြင့် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် တင်ပြနိုင်မှသာလျှင် ဆက်လက် သက်တမ်းတိုးရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကြေညာထားသည်။

“စက်တင်ဘာလ ၁ ရက်နေ့ကစပြီး နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမယ့် အလုပ်သမားတွေ သင်္ဘောသားတွေအနေနဲ့ အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်လိုပါတယ်။ ထိုင်း၊ မလေးရှား မြန်မာသံရုံးတွေမှာလည်း အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်မပါရင် နိုင်ငံကူးလက်မှတ်တွေ သက်တမ်းတိုးမပေးတော့ပါဘူး။ အဲဒါက PJ Passport for Job နဲ့ Passport for Seaman (PS) တွေတင် မဟုတ်ပါဘူး။ PV (PJ Passport for Visit) တွေလည်း နှစ်ရှည် လများ ပြည်ပ နေထိုင်ခဲ့ရင် ဘာကြောင့် ထွက်ခွာနေထိုင်ခဲ့သလဲဆိုတာ တင်ပြရမယ်။ ပြည်ပမှာ ကျောင်းသား အဖြစ် နေထိုင်ခဲ့ရင် ကျောင်းသားဖြစ်ကြောင်း ထောက်ခံစာတွေ လိုအပ်ပါတယ်။ အဲဒါတွေ မတင်ပြနိုင်ရင် PV တွေလည်း အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် လိုအပ်ပါတယ်” ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ ရန်ကင်း နိုင်ငံကူးလက်မှတ်ထုတ်ပေးရုံးမှ ရဲအရာရှိတစ်ဦးက ပြောဆိုသည်။

နိုင်ငံကူးလက်မှတ်များကို အခွန်ကင်းရှင်းကြောင်း မတင်ပြနိုင်လျှင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမပေးသည့် စီမံချက်မှာ အကြမ်းဖက် မင်းအောင်လှိုင် ၏ ညွှန်ကြားချက်အရ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

အကြမ်းဖက်မင်းအောင်လှိုင်က ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့တွင် ပြု လုပ်ခဲ့သော စစ်ကောင်စီအစည်းအဝေးတွင် ပြည်ပသို့ မြန်မာလူငယ်များ သန်းချီ၍ အလုပ်လုပ် ရန် ထွက်ခွာနေကြပြီး အလုပ်သမားများ၏ လစာကို ပြည် တွင်းသို့ မဖြစ်မနေ ပြန်လည် ပို့ဆောင်စီးဝင်စေရေး လုပ်ဆောင်ရန် ခိုင်းစေခဲ့ရာမှ ယခုနောက်ဆုံးတွင်း ယင်းကဲ့သို့ တစ်လလျှင် လစာ၏ ၂၅ ရာခိုင်နှုန်း ပြည်တွင်းသို့ ပြန်ပို့ရန် ကန့်သတ်ချက် ထွက်ပေါ်လာခဲ့ကြောင်း၊ ယင်းနောက် အခွန်မဆောင်လျှင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမပေးတော့ဟု ကြေညာလာခြင်းဖြစ်ကြောင်း သိရှိရသည်။

အလုပ်သမားဝန်ကြီးဌာနက ပြည်ပအလုပ်အကိုင်အေဂျင် စီများ၊ ပြည်ပရှိ မြန်မာသံရုံးများထံသို့ မြန်မာအလုပ် သမား များ၏ လုပ်ခ လစာကို ပြည်ပမှ တရားဝင် ငွေလွှဲပေးပို့နိုင်ရေး ဆောင်ရွက်ပေးရန် ညွှန်ကြားစာကို ပေးပို့နေပြီး ယင်းညွှန်ကြားစာတွင် တစ်လလျှင် လုပ်ခလစာ၏ ၂၅ ရာခိုင်နှုန်း (သို့မဟုတ်) အများဆုံး ၃ လလျှင် ၁ ကြိမ် ၃ လစာ စုစုပေါင်း အနည်းဆုံး ၂၅ ရာခိုင်နှုန်း ပြန်လည် ပေးပို့ရမည်ဖြစ်ကြောင်း ၊ ယင်းသို့ လစာများ စတင် လွှဲပို့ခိုင်းမှုသည် စက်တင်ဘာလ ၁ ရက်နေ့မှ စတင် အသက်ဝင်ခဲ့ပြီး စစ်ကောင်စီ၏ စည်းကမ်းချက်ကို မလိုက်နာပါက အလုပ်သမားများကို ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်ခွင့် ၃ နှစ်ပိတ်ပင် တားဆီးမည်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article