29 C
Yangon

ပေါက်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရ

Must read

ပေါက်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၁၉

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဝက်ပုတ်ကျေးရွာမှ ထွက်လာသော အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ ၂ ဦး သေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၁၁ ကျော်အချိန် ပေါက်မြိုနယ်၊ ဝက်ပုတ်ကျေးရွာမှ အင်အား ၂၀၀ ခန့်ဖြင့် ထွက် လာသော စစ်တပ် စစ်ကြောင်းကို ခဲပင်အင်းကျေးရွာ အရှေ့ ဘက်အရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များက စောင့်ကြိုတိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်းဒဏ်ရာရရှိခဲ့ ကြောင်း၊ ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်တပ်က လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း၊ ယင်းနောက် သေဆုံးဒဏ်ရာရ စစ်သား များကို ထမ်းစင်များဖြင့် ထမ်းပြီး ခဲပင်အင်းကျေးရွာအတွင်းသို့ ညနေ ၃ နာရီကျော်ခန့်အချိန် ဝင်ရောက်သွား ကြောင်း သိရသည်။

အဆိုပါ ခဲပင်အင်းကျေးရွာအတွင်း စခန်းချနေသော အကြမ်းဖက်စစ်သားများကို အောက်တိုဘာလ ၁၈ ရက်နေ့ နံ နက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ထပ်မံ၍ အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ မှာ ထမင်းပင်မစားရဲတော့ဘဲ ထွက်ပြေးသွားကြောင်း၊ ထို့နောက် အောက်တိုဘာလ ၁၈ ရက်နေ့ ညနေ ၂ နာရီ မိနစ် ၄၀ ခန့်အချိန် ညောင်ရင်းရွာ ဘက်သို့ စစ်ကြောင်း ထွက်ခွာလာစဉ် ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ၁ ဦးလဲကျသွားပြီး လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ညောင်ရင်းရွာအဝင်၌လည်း မိုင်း ပွိုင့် ၅ ပွိုင့်ထက်မနည်း ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦးထက်မနည်း အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် အောက်တိုဘာလ ၁၈ ရက်နေ့ ညနေ ၃ နာရီ ၅ မိနစ်ခန့်အချိန် ညောင်ရင်းကျေးရွာမှ ဇီးပြားရဲစခန်းဘက်သို့ စစ်ကြောင်းက ဆက်လက်ထွက်ခွာလာစဉ် ထပ်မံစောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ၁ ဦး ထိမှန်လဲကျခဲ့ကြောင်း၊ ယင်းအကြမ်းဖက်စစ် ကောင်စီစစ်ကြောင်းစတင်ထွက်ခွာချိန်မှစ၍ ဇီးပြားရဲစခန်း ရောက်သည်အထိ ဒရုန်းဖြင့် ဗုံးသီး ၇၈ လုံးခန့် ထပ်မံ ကျဲချ တိုက်ခိုက် ခဲ့ကြောင်း၊ အကြမ်း ဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဇီးပြားရဲစခန်းသို့ ရောက်ရှိချိန်တွင် ဇီးပြားရဲစခန်းရှိရွာနှင့် သရော်ကိုင်း(ပျူ)ရွာမှ အနီးအနားရှိကျေးရွာများကို မီးရှို့ပစ်မည်၊ သတ်ပစ်မည်ဟု အသံချဲ့စက်များဖြင့် မကြား ဝံ့မနာသာ အော်ဟစ်ဆဲ ဆိုခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မြိုင် ပကဖ ၊ ပေါက် ပကဖ ၊ပခုက္ကူမြို့ပြပြောက်ကျားအဖွဲ့နှင့် အခြားပူးပေါင်း အဖွဲ့များမှ တိုက်ခိုက်ခဲ့ခြင်းပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း၊ ယင်းအကြမ်း ဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ပြီး အနီးအနားကျေးရွာနေ ပြည်သူများအ နေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ပြောကြားချက်များကို လိုက်နာပေးရန် မြိုင်ပကဖက ထုတ်ပြန်ထား သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article