26 C
Yangon

ကော့ကရိတ်နှင့် မြ၀တီမြို့တို့တွင် ထွေ/အုပ်စာရေး ၁ ဦးနှင့် Non-CDM ကျန်းမာရေး ဝန်ထမ်း ၁ ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံး

Must read

ကော့ကရိတ်နှင့် မြ၀တီမြို့တို့တွင် ထွေ/အုပ်စာရေး ၁ ဦးနှင့် Non-CDM ကျန်းမာရေး ဝန်ထမ်း ၁ ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၉

ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်မြ၀တီမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေး ၁ ဦးနှင့် Non-CDM ကျန်းမာရေး ဝန်ထမ်း ၁ ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

အောက်တိုဘာလ ၁၈ ရက်နေ့ နံနက် ၈ နာရီအချိန် ကော့ကရိတ်မြို့နယ်၊ နန်းကော်တိုးကျေးရွာအနီးတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အငယ်တန်းစာရေး ညီညီနိုင်သည် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း၊ ညီညီနိုင်သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထီဟူးသံကျေးရွာအုပ်စုကို တာဝန်ယူရသော အငယ်တန်းစာရေး ဝန်ထမ်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ အောက်တိုဘာလ ၁၇ ရက်နေ့ ညနေပိုင်း ကရင်ပြည်နယ် မြ၀တီမြို့နယ်၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝင်းအတွင်းနေထိုင်သူ Non-CDM ကျန်းမာရေးဝန်ထမ်း စိုးမင်းအောင်သည် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

“မြဝတီဆေးရုံထဲကို ဝင်ပစ်သွားတာ။ Non-CDM ကျန်းမာရေးဝန်ထမ်းရဲ့ နားထင်ကို တေ့ပစ်တာ။ ဆိုင်ကယ်နဲ့လာပစ်သွားတာပါ။ ပစ်ခတ်ခံရသူက နေရာတင်သေတယ်။ စစ်တပ်ကို သတင်းပေးလို့ဆိုတာမျိုး စွပ်စွဲတာတွေတော့ရှိတယ်။ အတိအကျ မသိရဘူး။ ” ဟု မြ၀တီမြို့မှ ပြည်သူတစ်ဦးက ရှင်းပြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article